Ep-45 (Uni & Zawgyi)

755 65 21
                                    

အပိုင်း- (၄၅)

ရှားမျက်လုံးပွင့်တာနှင့် သူ့ဘေးကသူရဲ့ဆံပင်တို့ကိုလက်ချောင်းတို့ဖြင့်ထိုးဆွကာ ကျီစယ်နေစဥ် တစ်ဖက်သူက လှုပ်ရွလာပြီးနိုးလာလေသည်။

"ကိုကို အိပ်ချင်သေးရင်အိပ်လေ"

ရှားက ကိုနန်ဒီးရဲ့ပုခုံးကိုခပ်ဖွဖွဆုပ်ကိုင်ရင်းစကားဆိုလိုက်သည်။ ကိုနန်ဒီးကတော့ မျက်မှောင်ကိုကြုံ့ကာ သူ့ကိုကြည့်နေပြန်သည်

"မျက်နှာမသစ်ရသေးဘဲ လာမနမ်းနဲ့ နံတယ်"

"ကိုကိုက ခုတော့နံပြီပေါ့ အိုကေပါ
မကြိုက်ရင်မလုပ်တော့ပါဘူး"

"..."

"ဒီမှာသွားတိုက်တံနဲ့ ရေဘူး ပြီးမှ လာတဲ့ဆိုင်ကယ်ကိုငှားပြီးသွားစားကြမယ်"

ကိုနန်ဒီးလည်းအထွန့်တက်မနေတော့ဘဲ သွားကိုအလျင်မြန်တိုက်ပြီးရှားပေးတဲ့ ရေသန့်ဘူးဖြင့်သာ အာလုတ်ကျင်းလိုက်သည်။

နာရီကိုကြည့်လိုက်တော့ ၆နာရီ၁၅မိနစ်

ယခုအချိန်ထိ လမ်းကိုခေါက်တုံ့ခေါက်ပြန်လျှောက်ကာ စောင့်ဆိုင်းနေပေမယ့် ကားမပြောနှင့် ဆိုင်ကယ်၊ စက်ဘီးတစ်စီးပင်ပေါ်မလာသေး။

ဗိုက်ကလည်း ဂွီကနဲ ဂွီကနဲ အသံပေးကာဆန္ဒပြလို့နေပြီ။

"ကိုကို လမ်းလျှောက်နိုင်လား"

". . ."

"ကျွန်တော်ချီသွားမယ်လေ ကုန်းပိုးဆိုလည်းပိုးပါမယ် ဗိုက်ဆာလို့တော့ စိတ်မကောက်လိုက်ပါနဲ့"

"မင်း! မင်းမညှာမတာညှင်းပန်းပြီး တာဝန်ယူမှုကိုမရှိဘူး"

"ကျွန်တော်တကယ်မှားသွားပါတယ် ကိုကိုအဆင်မပြေဖြစ်မှာတွေကို ကြိုမတွေးမိတာ ဘာပြန်လုပ်ပေးရမလဲဟင်"

"ဗိုက်ဆာတယ်"

အစ်ကိုက တစ်ခါမှသူ့ကို စူးရဲရဲမကြည့်ခဲ့
ကြည့်ရတာ ညက သူအခွင့်ရေးယူလိုက်သည်ကို ကျေနပ်ဟန်မပေါ်
ငြင်းပယ်မည်ထင်ထားသော်လည်း မငြင်းခဲ့သည့်အတွက် ခပ်ဆိုးဆိုးစိတ်ခံကြောင့် ကိုယ်ပိုင်အဖြစ်သိမ်းမိခြင်းသာ

Blind Date (OC) (Completed)Where stories live. Discover now