Ep43(Uni & Zawgyi)

716 71 39
                                    


(အဟမ်း ဒီအပိုင်းက မကျူးဝါးကွန်တန့်အနည်းငယ်ပါဝင်ပါသည်။
စစလာချင်းဒီလိုခေါင်းစည်းကြီးနဲ့ကြိုဆိုရတာ သိပ်တောင်စိတ်မကောင်းဘူး စိတ်ဆိုးသွားကြလား?")

အပိုင်း- (၄၃)

ရှား သူ့အိမ်ကိုပြန်လာတော့ သူ့အဖေက ဆီပေပါအကုန်တွေကို ထုပြီး တိုင်ကီလုပ်ဖို့လုပ်နေတာကိုမြင်လိုက်ရသည်။

သူ့အဖေက သံပေပါကိိုထုလိုက် ခါးကိုပြန်ပြီးဖွဖွပွတ်လိုက်လုပ်နေသည်မို့ သူမနေနိုင်တော့ဘဲ ကူပေးဖို့ပြင်လိုက်သည်။

"ကျွန်တော်ကူလုပ်ပေးပါ့မယ် အဖေငြိမ်ငြိမ်လေးသာထိုင်နေ ဟုတ်ပြီလား"

ဦးထိုက်စံရှားလည်း သူ့သားရဲ့ရုတ်ချည်းပြောင်းလဲမှုကို မသိချင်ယောင်ဆောင်ကာနေလိုက်၏။ အိမ်မှာကူလုပ်ဖို့ခေါ်ထားတဲ့ကောင်လေးတစ်ယောက်ကိုခေါ်လိုက်ပြီး ပေပါကိုစောင်းလိုက်ကာ တစ်ဖက်ခြမ်းကနေထိုကောင်လေးကိုကိုင်ထားခိုင်းလိုက်သည်။
သူတူကိုယူပြီး ဘေးဘက်ကအစွန်းထွက်နေတာကိုလိုက်ထုပြီး ဆီဂျိုးတွေကိုပါ လိုက်ထုပြီး အချပ်လိုက်ကွာကျအောင်အားထည့်ကာ ထုနေ၏။

သူ့ရဲ့ လူသာထင်အပေါ်ထားတဲ့ဒေါသကိုတွေးပြီး ပေပါကိုတောက်လျှောက်ထုကာနေသည်မို့
သူ့အဖေနှင့် အမေမှာ နားကိုဂွမ်းစို့ကာ အိမ်အပေါ်ထပ်သို့တက်ကာနေကြရတော့၏။

"ဟဲ့သား ရှားရေ နင်အဲ့ပေပါကိုထုနေတာတော်ပါတော့ ငါ့နားတွေကွဲတော့မှာပဲ"

သူအမေကဝရန်တာကနေထွက်အော်တော့မှ သူရပ်လိုက်ပြီး တူကိုပစ်ချလိုက်သည်။

သူ့ရဲ့ချွေးစိုနေတဲ့အင်္ကျီရှိ ကြယ်သီးတွေကိုဖြုတ်လိုက်တော့ သူ့ရဲ့ဖြူဖွေးနေတဲ့အသားအရေကပေါ်လာသည်။
လက်မောင်းမှာလည်းသင့်တင့်တဲ့ကြွက်သားတွေရှိပြီး ဝမ်းဗိုက်မှာလည်း အဆီပိုတွေမရှိတဲ့အပြင် six packကပါခန့်ညားမှုကိုပံ့ပိုးပေးနေသလို။

ဘေးကကောင်လေးက သူ့အလုပ်ရှင်ရဲ့ချောမောမှုမှာမြောလို့နေသည်။ အစ်ကိုလေးရဲ့အသားက ခြင်ကိုက်ခံရရင်ကိုရဲနေတော့မှာပဲ နေပူထဲခဏနေတာတောင် အသားကရဲတက်လာတာ...

Blind Date (OC) (Completed)Where stories live. Discover now