Ep15(Unicode)

1.1K 130 5
                                    

အပိုင်း -(၁၅)

ညက ရှား၏အိမ်တွင်အိပ်မိသည်ကို သတိတရရှိတော့ ကုတင်ကိုလက်နဲ့စမ်းလိုက်ရာ လူမရှိဘူးဟုထင်ထားသော်လည်း
နွေးထွေးသော ခန္ဓာကိုယ်တစ်ခု။

နေစမ်းပါဦး ငါညကတစ်ယောက်တည်းအိပ်တာပါ။ကိုနန်ဒီးခေါင်းကိုတဆတ်ဆတ်ခါပြီး တွေးတောပေမယ့် မျက်လုံးတို့ကမပွင့်လာသေး။

ပျင်းရိရိနဲ့ သန်းလိုက်ကာ မဖွင့်ချင်ဖွင့်ချင်နှင့် မျက်လုံးကိုဖွင့်မိတော့ ဖြူဖွေးနေသောရင်ဘတ်ပိုင်းတွင် ကျွန်တော့်လက်ကနေရာယူထားမိသည်။
လန့်ကာ လက်ကိုအမြန်ရွှေ့လိုက်ပြီး မျက်နှာကိုကြည့်လိုက်တော့ ရှားဖြစ်နေသည်။

ဆံပင်အညိုခပ်အုပ်အုပ်လေးက ဆီတို့ဂျယ်တို့လိမ်းထားခြင်းမရှိဘဲတောင် နူးညံ့နေ၏။
ရှား၏ဆံပင်စက ရှန်ပူနံ့က ကိုနန်ဒီး၏နှာခေါင်းတွင်းသို့လာကျီစယ်နေသည်။

ရှားအိပ်နေသည့်ပုံစံမှာ ခါးနာမည့်အနေအထား ခြေထောက်တစ်ဖက် ကုတင်အောက်ကိုကျလို့ ခေါင်းကကုတင်ရဲ့တစ်ဝက်လောက်မှာပင်ရောက်နေပြီ။

ရှားကိုနှိုးဖို့ လက်ပြင်လိုက်ပြီးမှ... မနှိုးတော့ဘဲ ခေါင်းကဆံပင်လေးကိုဖွလိုက်သည်။
နိုးမည်စိုး၍ ကုတင်ပေါ်ကဖွဖွဆင်းကာ ရေချိုးခန်းထဲကိုသာဝင်သွားသည်။

ကိုနန်ဒီးရေချိုးပြီးထွက်လာတော့ အင်္ကျီချွတ်နဲ့ရှားသည် ဗလပြနေသည့်အလား ကုတင်ပေါ်တွင်ငုတ်တုတ်ထိုင်လျက် မျက်လုံးကတော့ အခုထိမပွင့်သေး။

တံခါးခေါက်ကာ ရွေးလေးကဝင်လာတော့ ရေချိုးခန်းထဲက Bathrobeဝတ်ထားသော
သူနှင့် အင်္ကျီဗလာကျင်းဖြစ်နေသော သူမ၏အစ်ကိုကိုမြင်တွေ့လိုက်ရတော့ ပါးစပ်အဟောင်းသား။

"ကိုကို နင်ဘာလို့ဒီအခန်းထဲရောက်နေရတာလဲ"

"နင်မြင်တဲ့အတိုင်း ငါလာအိပ်တာလေ"

ကိုနန်ဒီးကရေချိုးခန်းထဲပြန်ဝင်ကာ အင်္ကျီကိုကောက်စွပ်နေလိုက်၏။

"ကိုကို နင်ကဘာလို့ဟိုအစ်ကိုနဲ့လာအိပ်ရတာလဲလို့"

"ဟဲဟဲ... ငါ့Airconပျက်နေလို့"

Blind Date (OC) (Completed)Where stories live. Discover now