Ep39(Uni & Zawgyi)

688 86 26
                                    

အပိုင်း -(၃၉)

နူးညံ့ပျော့ပြောင်းလှတဲ့ ရွှေရောင်ဆံနွယ်တွေနဲ့ ညို့ယူနိုင်လွန်းတဲ့မျက်လုံးပြာတွေက သူ့အမေလိုပဲ ထိုကလေးငယ်တွင်ရှိနေတာကိုတွေးမိတော့ လင်းမိုချန်း နှစ်ခြိုက်စွာပြုံးလိုက်မိသည်။

"Laura သူက မင်းနဲ့ချွတ်စွတ်တူလွန်းတယ် ကိုယ်သူ့ကိုအဝေးကနေပဲ စောင့်ရှောက်ပါ့မယ်လို့ ကိုယ်ကတိပေးပါတယ်"

ဓာတ်ပုံထဲကမိန်းကလေးက သူ့လက်မောင်းကိုတွဲချိတ်ထားပြီး နတ်သမီးတစ်ပါးလိုနူးညံ့တဲ့ အပြုံးလေးကိုချိတ်ဆွဲထားသည်။
ဓာတ်ပုံလေးကို အံဆွဲထဲထည့်လိုက်ပြီး သော့ခတ်ကာ လုံခြုံအောင်သိမ်းထားလိုက်သည်။

တံခါးခေါက်သံ သဲ့သဲ့ပေါ်လာပြီး တန်းဝင်လာတဲ့သူကိုမြင်တော့ သူ့ရဲ့မေးရိုးများကတင်းမာလာပြီး မျက်ခုံးတန်းတို့ကတွန့်ချိုးသွား၏။

"Yo ho...မိတ်ဆွေဟောင်းကြီးကိုပြန်တွေ့တာဝမ်းမသာဘူးလား"

"လူသာထင် မင်းဒီကိုဘာလာလုပ်တာလဲ"

"ဟေ့ ငါကထောင်ကလွတ်လွတ်ချင်း မင်းဆီတန်းလာတာ ဒါနဲ့လမ်းမှာရွှေရောင်ဆံပင်စလေးတွေကောက်ရခဲ့တယ်ဆိုရင် မင်းယုံမလား"

"ကျစ် မင်း မင်း ငါ့သားရဲ့ဆံချည်မျှင်တစ်မျှင်တောင်အခုကစပြီးမထိနဲ့"

"ဘယ်လိုလုပ်မလဲ ငါ့ကအဲ့ကလေးဆံပင်ကိုမင်းကိုလက်ဆောင်ပေးဖို့ ဖြတ်လိုက်တာ
အိုး ငါ့လက်မှာသူ့သွေးနည်းနည်းပေလာတာပဲ ဒီမှာကြည့်ပါဦး ဘယ်လောက်တောင် ချိုမြိန်လိုက်သလဲ"

"ခွေးသူတောင်းစား! မင်း!"

"ဟား ဟား သူ့မွေးစားအဖေက လျင်ပါတယ်
ဒီသွေးကငါ့သွေးပါကွ"

"မင်းသောက်ရူးကြောင်ကြောင်တွေလာလုပ်မနေနဲ့"

"စိတ်လျှော့စမ်းပါ ငါက ငါမင်္ဂလာဆောင်တော့မလို့ လာဖိတ်တာ"

"မင်းလိုကောင်ကို ဘယ်လိုမိန်းမကယူမလဲ ငါသိချင်သေးတယ်"

"မင်းကလည်း ငါ့ကိုအထင်သေးလိုက်တာ
ငါ့ဇနီးလောင်းလေးက အတော်လှတယ် ဒါမဲ့ သူကငါ့ကိုသဘောကျပုံမပေါ်ဘူး သူ့ရည်းစားဟောင်းနားမှာပဲတွယ်ကပ်နေတယ် ငါအရမ်းကိုစိတ်ထိခိုက်ရတာပဲ"

Blind Date (OC) (Completed)Where stories live. Discover now