အပိုင်း-(၃)
တစ်ဖက်ကဖုန်းခွက်မှ ဖုန်းသရဲလို့ခေါ်လိုက်သည့် မိန်းကလေး၏အသံဟာ သူ့အတွက်တော့ မိုးချုန်းသံတစ်ခုအလား ကျယ်လောင်လွန်းသည်။
တစ်ခါတစ်ရံမှာ ကျွန်တော်တို့က တခြားသူတစ်ယောက်ရဲ့ ဇာတ်လမ်းမှာ အရန်သာသာဖြစ်ခဲ့ကြတယ်ထင်ပါရဲ့။
ဒီတစ်ခါမှာသူတို့ပြဇာတ်မှာ ကျွန်တော်ကလူကြမ်းတစ်ယောက်ပေါ့။ရှားတစ်ယောက်အတွေးနယ်ချဲ့ပြီး၊ ဆေးလိပ်ကိုဖွာရုံသာဖွာကာ ဆက်မသောက်ဘဲ ကိုင်ထားမိသည်မှာအတော်ပင်ကြာပြီမို့ ဆေးလိပ်က တစ်ဝက်ပင် ကျိုးသွားလေသည်။
အဟမ်း အဟမ်း ချောင်းဟန့်သံပြုကာအသံပေးနေသောသူတစ်ယောက်ကတော့
"ဆေးလိပ်ကိုမသောက်ဘဲ ဘာလို့တွေဝေနေတာလဲ ပေးစမ်းအဲ့တာ ဒီကို"
အစ်ကိုဒီးကပြောလဲပြော ကျွန်တော်သောက်လက်စ ဆေးလိပ်ကိုလက်ထဲကယူပြီး
သူ့ နှုတ်ခမ်းမှာ ဖွာကာဆက်သောက်နေလေသည်။Augustလရဲ့မိုးက ယနေ့မှဖွဲဖွဲလေးကြကာ လေအေးတို့က စိမ့်ခနဲ့တိုက်နေတာမှ လူပါ ဆွေးချင်လာတော့သည်။ အစ်ကိုကတော့ ကျွန်တော်ကိုကြည့်ကာ
"မင်း မယားပူမိနေတာလား ပြိုင်စံရှား..ဘာလို့တစ်နေ့နေ့ ဒီလောက်သက်ပြင်းတွေချနေရတာလဲ""ဒီလိုပါပဲဗျာ မိုးအေးလို့ကျွန်တော်အချိန်ထိုင်ဖြုန်းနေတာပါ"
"အေးအေး ဖျားချင်သပဆိုလည်းအဲ့မှာနေ ငါတော့ အိပ်တော့မယ်။
မနက်ထမပြေးနဲ့တော့ ဒီလောက်အကြာကြီးအပြင်မှာထွက်ထိုင်နေမှာဆိုရင်"
သူလှည့်ထွက်မယ်ကြံတုန်း ရှားက
"အစ်ကိုဒီး အစ်ကို့မှာကော လွမ်းရမယ့်သူရှိဖူးလား"အစ်ကိုကသဘောတကျရယ်မောပြီး
" ရှိဖူးတာပေါ့ ငယ်တော့တဲ့အရွယ်မှမဟုတ်တာ""အစ်ကို့အချစ်ဦးအကြောင်းကျနော့်ကို ပြောပြပါလား"
"အင်း ... ပြောပြမယ်လေ မင်းသိချင်ရင်"
ရှားရဲ့မျက်လုံးတွေကသိချင်စိတ်ကြောင့်အရောက်လက်လာခဲ့သည်။ မျက်တောင်ပင်မခတ်ဘဲ အစ်ကိုပြောလာမယ့်စကားကိုသူ အာရုံစိုက်နေခဲ့မိသည်။"ငါမိန်းမရတဲ့အခါ မင်းကော မင်းမရီးကိုကော ပေါင်းပြီးပြောပြမယ် အခုတော့အိပ်ပြီ"
YOU ARE READING
Blind Date (OC) (Completed)
Teen FictionDee× Shar ဒါက ကိုယ်Plotချထားပြီးသားဇာတ်လမ်းထဲကအရံအတွဲလေးကို side storyအနေနဲ့ရေးတာပါ အလွတ်တမ်းစုံထောက်ကောင်လေးDeeနဲ့ အမှုစစ်စုံထောက်ကောင်လေးShar(ရှား)တို့ရဲ့အလွဲတွေကိုဒီBlind dateမှာဖတ်ရမှာပါ စုံထောက်ကျော်နှစ်ယောက်ဟာ အချစ်ရေးမှာတော့ကံခေရှာပါတယ် ထို့...