❄🎄(34)🎄❄

1.7K 77 2
                                    

အလုပ်မှာ မှာစရာရှိတာတွေကို ဝမ်ရိပေါ်သူ့လက်ထောက်ကို သေချာမှာပြီး...
ဒီနှစ်ရဲ့ ခရစ်စမတ်ညအတွက် ဝန်ထမ်းများကို လက်ဆောင်ပေးတဲ့ ညစာစားပွဲလေးတခု စီစဥ်ခိုင်းခဲ့တယ်။

သူလည်း နာရီကိုကြည့်တော့ ညနေ 6နာရီ
ထိုးနေပြီ...မနက်ကရှောင်ကျန့်သူ့ကိုမှာလိုက်တဲ့အတွက် ဒီနေ့ သူအိမ်ပြန်ပြီး
မိသားစုထမင်းဝိုင်းလေး နွှဲဖို့အားခဲထားတယ်မဟုတ်လား။

ကိုယ်စောစောပြန်ခဲ့မယ်လို့ သူ့ရဲ့နှုတ်က
အိမ်သူအချစ်ကို ကတိပေးခဲ့တာမို့ ရိပေါ်
နှုတ်ခမ်းထက် အပြုံးတို့နဲ့ကြည်နူးမိပြန်တယ်။
ဒါနဲ့ အိမ်ရှိရာဆီ ပြန်လာခဲ့တဲ့ ရိပေါ်...

ရှောင်းအိမ်တော်မှာတော့ ရိပေါ်အလာကို
သမီးငယ်ကိုထိန်းရင်း ရှောင်ကျန့် စောင့်နေမိတယ်။
ဝမ်ဝမ်ကလည်း နေမကောင်းဖြစ်ပြီး ဂျီကျနေတာမို့ သူ့သမီးငြိမ်အောင်လို့ ရှောင်ကျန့်ရဲ့နို့တဖက်က ဝမ်ဝမ်ရဲ့ပါးစပ်ထဲရှိလို့နေပြန်ရော...

အဲ့ကလေးမက နေမကောင်းဖြစ်ရင် အဲ့လိုဂျီနေကြ။ ချိုလိမ်ဆိုတာ တခါမှ သူ့ပါးစပ်ထဲမထည့်ဘူး..လွှတ်ပစ်တာမှ အခုပေါင်းမနည်းဘူး။

ချောင်လျန်ကတော့ မင်ထျန်ရဲ့အနီးအနားနေပြီး ဂရုစိုက်ပေးနေရရှာတယ်။
မင်ဝမ်လေးက သူ့အဖေဘေး အတူအိပ်ပျော်နေလို့တော်သေး...

'ကျွန်တော် ကောအကြောင်း စုံစမ်းပြီး
ကောရဲ့ပြသနာတွေကို ဖြေရှင်းပေးမှာပါကောရာ..ကောတို့သားဖနှစ်ယောက်စလုံးက ကျွန်တော့်ရဲ့မိသားစုဝင်ပါပဲ။
ဒါကြောင့် ကောရဲ့နောက်ကြောင်းတွေကို
ဝင်စွက်ဖက်ခဲ့ရင် အပြစ်မတင်ပါနဲ့..
ကျွန်တော် ကောကို ဒီအဖြစ်တွေကနေ
လွတ်မြောက်စေချင်လို့ပါ..'

ချောင်လျန်ရဲ့အတွေးစကားတွေကို
မင်ထျန်ကတော့မကြားနိုင်ပါ..
အပြစ်ကင်းစွာ အိပ်ပျော်လျှက်ပေ..

ရိပေါ်ရဲ့ကားရပ်သံကြောင့် ရှောင်ကျန့် ဧည့်ခန်းထဲကနေ အိမ်တံခါးဝရှိရာ ထွက်လာခဲ့ပြန်တယ်။

''ကော..ပြန်ရောက်ပြီလား...''

ရင်ခွင်ထဲက သမီးဖြစ်သူရဲ့ပုံစံနဲ့အတူ
သူ့ကိုအကြိုထောက်တဲ့ ချစ်ရသူက
အူယားဖို့ကောင်းနေပြန်ရော။

သတ်ပုံမှားတဲ့🔥 အတ္တ 🔥(Completed) Where stories live. Discover now