💓(32)💓

1.7K 82 2
                                    

ဝမ်ချောင်နဲ့ ကွမ်ယောင်ကြောင့် ထိုကောင်လေးလဲ သတိလစ်သွားခဲ့တော့တယ်။
ထင်မှတ်မထားတဲ့လုပ်ရပ်ကြီးကို သူငယ်ချင်းနှစ်ယောက်သား မြည်းစမ်းကြည့်မိပြီး အရသာတွေ့သွားတော့...ကျေနပ်အပြုံးကြီးတွေနဲ့ပါ..

''ပြန်ရအောင် ကွမ်ယောင်...
ရှဖေးကို ဆေးရုံမှာ သွားကြည့်ရအောင်။''

''သူမ မသက်သာရင် ဘယ်လိုလုပ်မလဲ..ဝမ်ချောင် ဓားဒဏ်ရာကနက်တယ်ကွ..''

''ဒါနဲ့နေပါအုံး.. အဲ့ဆရာဝန်အကြောင်းမင်းသိပြီးပြီလား ကွမ်ယောင်။''

''ဟင့်အင်း..ငါမမေးရသေးဘူးဝမ်ချောင်။''

''ထားလိုက်ပါတော့..သွားရအောင်''

Club ထဲကထွက်ပြီးမကြာပါဘူးအနီရောင်ပြိုင်ကားလေးက ပေကျင်းဆေးရုံရှိရာဆီ..
ဒါပေမဲ့ လမ်းတဝက်မှာပဲ ရဲများရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရတဲ့ ကွမ်ယောင်နဲ့ဝမ်ချောင်။

ဒါကြောင့် ဆေးရုံရှိရာဆီ မရောက်ဖြစ်တော့ပါ အဲ့အစား သံတိုင်တွေကြားရောက်သွားရတဲ့အဖြစ်..

Clubပိုင်ရှင်တိုင်ကြားမှုကြောင့် ရဲများက
ဖမ်းဆီးရခြင်းမျိုး...မိသားစုရှေ့နေ့တွေနဲ့ရဲစခန်းထဲ အလုပ်ရှုတ်နေပြန်တဲ့ ကွမ်ယောင်နဲ့ဝမ်ချောင်ကြောင့် သူတို့နှစ်ယောက်ရဲ့မိဘတွေကတော့ ရဲတွေထံငွေနဲ့နှုတ်ပိတ်ကြအုံးမှာ မလွဲပေ။
.
.
.

မင်ထျန်ကတော့..ရှဖေးကို အရေးပေါ်အသက်ကယ်ပေးခဲ့လို့ သူမရဲ့အသက်မသေခဲ့ပါဘူး အချိန်မှီယုံလောက်လေးသာ။

အတွင်းက ထိခိုက်မိသွားတဲ့ အူနေရာကို
ခွဲစိတ်ချုပ်ပေးခဲ့ရပြီး သူမရဲ့ကိုယ်မှာ အရေးပေါ်သွေးသွင်းထားရပြန်တယ်။

နှစ်နာရီကြာခွဲစိတ်လို့အပြီးမှာတော့...
ဆေးရုံဆီလိုက်လာကြတဲ့ ရှဖေးရဲ့ မိဘနှစ်ပါးကို မင်ထျန် အကျိုးအကြောင်းရှင်းပြလိုက်တော့မှ ဒေါသကြီးသွားတဲ့ ရှဖေးရဲ့ဖခင်။

''ဒါဆိုရင် club မှာ အခုလိုဖြစ်ရတာ ဟို ဝမ်လိုဟန်ရဲ့ သားကြောင့်ပေါ့ တော်ပြီ မိန်းမရာ အဲ့ဒီမိသားစုအသိုင်းအဝိုင်းနဲ့ အဆက်အသွယ်မလုပ်နဲ့တော့။''

သတ်ပုံမှားတဲ့🔥 အတ္တ 🔥(Completed) Where stories live. Discover now