💓(28)💓

2.1K 115 4
                                    

''အကိုပြောပြမယ် အားရှန့်..
ဒီလိုကွ..''

(''အကို့ရဲ့ သူငယ်ချင်း ဝမ်ရိပေါ်နဲ့ အကိုနဲ့က
လန်ဒန်မှာ ကျောင်းတတ်ရင်း ခင်မင်ပြီး
သူငယ်ချင်းဖြစ်ခဲ့ကြတာပေါ့ကွာ..
အကိုတို့သူငယ်ချင်းအုပ်စုက အားလုံးပေါင်း ငါးယောက်ရှိတယ်။
အဲ့အထဲမှာမှ ဝမ်ရိပေါ်က ရုပ်ချောပြီးအနေအေးတဲ့ အချေ မာနခဲ။
အကိုတို့ကျောင်းတတ်နေတဲ့ နှစ်ဝက်လောက်မှာ ကျောင်းကို ကျောင်းသူသစ်တစ်ယောက်ပြောင်းလာခဲ့တယ်။
သူမက အစပိုင်းအူကြောင်ကြောင်နဲ့ မလည်မဝယ်ပုံစံလေးနဲ့။
ရှားမေရီလို့ခေါ်တဲ့ အဲ့ဒီကျောင်းသူသစ်က
ချော်လဲပြီး ဝတ်ထားတဲ့စကတ်ပြဲသွားတဲ့အတွက် ဝမ်ရိပေါ်က မြင်မကောင်းလို့ အနွေးထည်အင်ကျီပေးပြီးကူညီပေးခဲ့ဖူးတယ်။
သူမက အဲ့အချိန်ကစပြီး ဝမ်ရိပေါ်ကိုစိတ်ဝင်စားသွားတော့..စပြီးချဥ်းကပ်တော့တာပဲ။
ဝမ်ရိပေါ်က အကို့ကိုပြောပြဖူးတယ်
သူ့ဘဝမှာ အားရှန့်ဆိုတဲ့ကောင်လေးတစ်ယောက်တည်းပဲ လိုအပ်ခဲ့တယ်လို့ သူ့ရဲ့ငယ်ဘဝအကြောင်းကို ပြောပြခဲ့တယ်။
ဝမ်ရိပေါ်အသက် ၁၅ နှစ်အရွယ်မှာ မင်းနဲ့ခွဲခွာခဲ့ရတယ်ဆိုပေမဲ့ သူ့ရဲ့စိတ်က မင်းဆီမှာကျန်နေခဲ့တာ အားရှန့်။
အဲ့ဒီနေ့က သူလည်း အရမ်းငိုခဲ့ရတယ်လို့
ပြောပြဖူးတယ်။'')

(''ကျောင်းတက်နေတဲ့ကာလပတ်လုံး သူဟာ
ဘယ်မိန်းကလေးကိုမှစကားမပြောသလို
ဘယ်သူနဲ့မှ ရှုတ်ရှုတ်ယှက်ယှက်မနေခဲ့ဘူး။
တစ်ရက်မှာ ..ဝမ်ရိပေါ်ကို ရှားမေရီက သူမဘက်က စိတ်ဝင်စားနေတဲ့အကြောင်း ဖွင့်ဟဝန်ခံခဲ့ပြီး ဝမ်ရိပေါ်ကို သူနဲ့တွဲဖို့အကြောင်းပြောခဲ့ဖူးတယ်။
ဝမ်ရိပေါ်က ငြင်းဆန် မောင်းထုတ်ခဲ့တယ်။
တခါမှဒေါသထွက်တဲ့ပုံမရှိတဲ့ ဝမ်ရိပေါ်ဟာ အဲ့ဒီနေ့မှာ ဒေါသတွေအရမ်းထွက်နေခဲ့ပြန်တယ်။

အဲ့ဒီရက်ကစပြီး ရှားမေရီက ကျောင်းကိုလုံးဝမလာတော့ဘူး။
သူမ တစ်လလောက် ပျောက်သွားခဲ့တယ်။
အဲ့ဒီအတေားအတွင်းမှာ အကိုတို့ သူငယ်ချင်းထဲက ကောင်လေးတစ်ယောက်ကို သူမရဲ့အကိုက အသုံးချပြီး ဝမ်ရိပေါ်နဲ့ပက်သက်တဲ့ ပစ္စည်းအသုံးအဆောင်တခုခုကို ယူခိုင်းခဲ့တယ်။
ရိပေါ်ရဲ့အင်ကျီနဲ့ ဆံပင်ကို ရသွားပြီး
သူမထိုင်းမှာ အောက်လမ်းနည်းနဲ့ ရိပေါ်ကိုပြုစားခဲ့တယ်။

သတ်ပုံမှားတဲ့🔥 အတ္တ 🔥(Completed) Where stories live. Discover now