💓(12)💓

3.4K 215 9
                                    

ရှောင်ကျန့်ကိုမနည်းအသက်ကယ်ထားရတဲ့အတွက် လူနာကိုအထူးသီးသန့်ခန်းမှာ
ထားထားရပြန်တယ်။

ဒေါက်တာရန်ရှင်း... သူလည်းပင်ပန်းလှပြီလေ။ ခုချိန်ထိ အနားမယူရသေးပဲ ရှောင်ကျန့်ရဲ့အခြေအနေမတည်ငြိမ်မချင်း အနားမယူပဲ အနားက စောင့်ကြည့်ပေးရင်း နေနေရတယ်။

ကျင်ရီ..ဒေါက်တာရန်ရှင်းထံ ရှောင်ကျန့်ရဲ့အခြေအနေကို မေးမိပြန်တယ်။
''ဒေါက်တာရန် လူနာရဲ့အခြေအနေလေး သိခွင့်ရှိမလား။''

''အခြေအနေကတော့ တည်ငြိမ်နေပါပြီ။
နောက်ထပ် ဆေးမသုံးခိုင်းနဲ့ မဟုတ်ရင်
အသက်ဆိုးရှည်မှာမဟုတ်ဘူး ဒါတော့သတိပေးပါရစေ။''

''ဟုတ်ကဲ့..ကျွန်တော် မှတ်ထားပါ့မယ် ဒေါက်တာရန်။''

''ကောင်းပြီ သူ့ကိုဂရုစိုက်ပေးပါ အားအရမ်းနည်းနေတယ်။ကိုယ်လည်း ပင်ပန်းနေတဲ့အတွက် အနားယူလိုက်အုံးမယ်။''

"အာ..ကောင်းပါပြီ. ဒေါက်တာရန်.."

ဝမ်ရိပေါ်တစ်ယောက် သူအခုလိုအလုပ်မှာသာရှိနေပေမဲ့ စိတ်ကတော့ ရှောင်ကျန့်ဆီကိုရောက်နေပြန်တယ်။
ဒီရက်ပိုင်း သူ့စိတ်ထဲ ရှားမေရီကို သတိပင်မရ..ဒါကလည်း အချစ်ကြောင့်မဟုတ်နိုင်ဘူး။ဘာလို့ဆို ပြုစားထားတာတွေ ပြယ်ခါစကြောင့်လို့ထင်တယ်။

❤❤❤❤❤❤❤❤❤❤❤❤
Flashback..

ကျောင်းကန်တင်းမှာထိုင်နေကြတဲ့ ရိပေါ်တို့သူငယ်ချင်းအုပ်စုထဲ အချောဆုံးကောင်လေးက ရိပေါ်တစ်ယောက်သာပါတယ်
ကျန်လူများကကြည့်ပျော်ရှု့ပျော်လောက်သာကြည့်ကောင်းကြရုံ။

ရှားမေရီက ဒီနေ့မှကျောင်းပြောင်းလာတဲ့
ကျောင်းသားသစ်ဖြစ်တယ်။ဒါကြောင့် ကုပ်ချောင်းချောင်းနဲ့ သူမစရိုက်က လူကြောက်သလို ရှိန်သလိုနဲ့ အူတူတူပုံစံဖမ်းထားပြန်တယ်။

ကျောင်းလာတာ ပထမရက်မို့လို့ ကျောင်းဝန်းထဲ လမ်းပျောက်နေပြန်​ေရာ.ရိပေါ်တို့ထိုင်နေတဲ့ နေရာနားရောက်တော့ ပဲများလွန်ကာ ငှက်ပျောခွံတက်နင်းမိပြီးချော်လဲသွားတော့တယ်။
ဒါကိုမြင်ပြီး ရိပေါ်သူငယ်ချင်းတွေကအော်ရယ်ကြပါရော..
''ဟားဟားဟား..ဟားဟားဟား...''
ရိပေါ်က သူ့ကိုရယ်ဖို့မပြောနဲ့ကြည့်တောင်မကြည့်ပေ..
သူမရဲ့စကတ်ကလည်း အနည်းငယ်ပြဲသွားတဲ့အတွက် ရိပေါ်မြင်မကောင်းလို့ သူ့ရဲ့အနွေးထည်ကို ရှားမေရီဆီ ပစ်ပေးလိုက်တော့တယ်။

သတ်ပုံမှားတဲ့🔥 အတ္တ 🔥(Completed) Where stories live. Discover now