💓(6)💓

3.7K 209 8
                                    

ရှောင်ကျန့် သူ့ကို ဝမ်ရိပေါ်ကားပေါ်တင်ပေးတါသိတယ် ဒါပေမဲ့...ဘယ်ကိုခေါ်သွားမှန်းသူမသိပေ။

ဝမ်စံအိမ်ကြီးထဲ ရောက်ရှိနေတဲ့ရှောင်ကျန့်
သူအခု လဲလျောင်းနေတဲ့ အိပ်ယာက သူ့ကိုပိုင်တယ်ဆိုတဲ့ သူ့သူဌေးလေးရဲ့အိပ်ယာကြီးဖြစ်နေပြန်တယ်။

ရှောင်ကျန့်ရဲ့ လက်မှာလည်း ဆေးသွင်းပေးထါးတယ်ထင်တယ်..နိုးလာတော့ ဆေးချိတ်ထားတဲ့ ပိုက်ကိုမြင်ပြန်တယ်။

ရှောင်ကျန့်နိုးနေတာကိုသိပြီး အခန်းထဲဝင်လာခဲ့တဲ့ ကျင်ရီ..

"နိုးပြီလား..ကျန့်ကျန့်.."

သူမမြင်ဘူးတဲ့ လူကို ရှောင်ကျန့် ကြောင်ကြည့်နေမိတယ်။ပြီးမှ ''ကျွန်တော် ဘယ်ကိုရောက်နေတာလဲ ခု...''

"ဝမ်စံအိမ်.."

''ဒါဆိုရင် ဂူးဂူးစီ ဒီမှာရှိမှာပေါ့..ကျွန်တော့်ကို တွေ့ခွင့်ပေးပါလား။''

"ဝမ်းနည်းပါတယ်"..
''ကိုယ့်မှာ အဲ့လိုလုပ်ပိုင်ခွင့်မရှိဘူး ကျန့်ကျန့်။''

ရှောင်ကျန့်ရဲ့မျှော်လင့်ချက်ရောင်ခြည်လေး ပြန်ပြီးပျောက်ကွယ်သွားပြန်ပြီ..

သူ့အဒေါ်နဲ့ တွေ့ခွင့်မရဘူးတဲ့ ဘာကြောင့်လဲ သူ့ကိုဘယ်အထိ ရက်စက်အုံးမှာလဲ။

သခင်လေးဆိုသူက သူ့အဒေါ်နဲ့သူ့ရဲ့ပက်သက်မှုကို သိပြီးတဲ့နောက်...
ရှောင်ကျန့်ကို ချုပ်ကိုင်ဖို့အတွက် အသုံးချပါရော..ဒေါ်ယွင်စီကို..

သူ မပျောက်တဲ့ပစ္စည်းကိုလည်း ဒေါ်ယွင်စီက ခိုးပါတယ် ယူပါတယ်ဆိုပြီးစွပ်စွဲ..
ဒါတင်အားမရသေးဘူး ရှောင်ကျန့်ဘယ်မှသွားလို့လာလို့မရအောင် သူလူမိုက်ငှားပြီးသတ်ခိုင်းရမလားဆိုပြီး ခြိမ်းခြောက်ခဲ့တယ်။
ဆိုတော့ ဒီတူဝရီးနှစ်ယောက်ရဲ့ဘဝက တစ်ဦးနဲ့တစ်ဦး ကာကွယ်ပေးရင်း ဝမ်ရိပေါ်ရဲ့လက်ခုပ်ထဲက ရေဖြစ်နေရခြင်းပဲ။
အကြောင်းစုံ ဂဂနန မသိကြတဲ့ တူဝရီးနှစ်ယောက်မှာ ဝမ်ရိပေါ်ကိုတော့ သေအောင်မုန်းနေကြမှာပဲ။

ရှားမေရီ သေဆုံးရတဲ့ကိစ္စက ရှောင်ကျန့်နဲ့မဆိုင်ပေ..

ဖြစ်ပုံက ဒီလို..

သတ်ပုံမှားတဲ့🔥 အတ္တ 🔥(Completed) Where stories live. Discover now