💓(16)💓

3.4K 195 4
                                    

ဝမ်ရိပေါ် ရှောင်ကျန့်ရဲ့အဖြစ်ကိုမြင်ပြီး သူနောင်တဆိုတာကြီးကို ခုမှကြုံခဲ့တော့တယ်။ခါးသီးမှုတွေနဲ့ သူကိုယ်တိုင်ပဲဖော်စပ်ခဲ့တဲ့ အမုန်းနောင်တတွေလေ..
ဖြေဆေးမရှိဘူး..ရှောင်ကျန့်က သူ့ကိုမုန်းနေပြီ။

"အားရှန့်..အားရှန့် ကိုယ်ခေါ်နေတယ်လေ.."

''ခင်ဗျားကြီးကိုမုန်းတယ်..အရမ်းပဲ
ထွက်သွား...အားး..ဘယ့်သူ့မှ ငါ့ဆီမလာကြနဲ့။''

အသွေးအသားတွေထဲ စိတ်ငြိမ်ဆေးက အာနိသင်ပြလာတော့မှ ရှောင်ကျန့်ရဲ့ကိုယ်လေး ခွေယိုင်ကျသွားတော့တယ်။

မျက်ရည်တွေနဲ့ ရိပေါ်ကတော့.. ရှောင်ကျန့်ကို ငေးပြီးကြည့်နေဆဲ..'ဒါကိုယ့်အမှားပဲ
ကိုယ့်အမှားတွေကို ပြန်ပြီးပေးဆပ်သွားမှာပါ အားရှန့်။ဒါကြောင့် ကိုယ့်အနားက မင်းကို ဘယ်မှထွက်သွားခွင့်မပေးဘူး။'

''စစ်ကျွေး ဒေါ်ဒေစီကိုရှာတွေ့ပြီမဟုတ်လား။''

''တွေ့ပြီ ဒါပေမဲ့ ဒေါ်ဒေစီက ရှောင်ကျန့်ကိုလာခေါ်တာတဲ့။
မနက်ဖြန် သူမ ဒီကိုရောက်လိမ့်မယ်။''

''ဒါဆို အားရှန့်ကိုပြန်ခေါ်သွားတော့မှာပေါ့
ဟင့်အင်း..ငါပြန်မထည့်ပေးနိုင်ဘူး။''

''အကိုလေး..မနက်ဖြန် သူဌေးဝမ် ပြန်ရောက်မှာ..နောက်ပြီးလေလံပွဲကရှိသေးတယ်။''

''လေလံပွဲကို မင်းသွားလိုက် စစ်ကျွေး..
ပါးကို ငါကြည့်ပြောလိုက်မယ်။''

''ငါ့ရဲ့ အပန်းဖြေစံအိမ်ကို ဒီနေ့ညပဲ သွားမယ်။
အားရှန့်ကို ငါခေါ်သွားမယ် ဆရာဝန်တစ်ယောက်လောက် သိမ်းသွင်းလိုက်။
သူလိုချင်သလောက်ပိုက်ဆံပေးလိုက်။''

''ဟုတ်ကဲ့အကိုလေး.. စစ်ကျွေး စီစဥ်လိုက်ပါ့မယ်။''

စိတ်ငြိမ်ဆေးကြောင့် မလှုပ်နိုင်တော့တဲ့
ကိုယ်လေးကတော့ ကုတင်ပေါ်မှာ ခွေခွေလေးရှိနေရှာတယ်။

ဒဏ်ရာတွေကို ဆေးထည့်ပေးပြီးပတ်တီးပြန်စည်းပေးထါးတာကြောင့် အသားနုနုလေးပေါ် အဖွေးသားနေရာယူနေခဲ့။

စစ်ကျွေးထွက်သွားပြီးခဏအကြာ..
ရိပေါ်ဆီကိုရောက်လာတဲ့ ဆရာဝန်တစ်ဦး။

သတ်ပုံမှားတဲ့🔥 အတ္တ 🔥(Completed) Where stories live. Discover now