💓(14)💓

3.3K 202 8
                                    

ဝမ်ရိပေါ် သူအိပ်ယာကနိုးလာတော့ ရေချိုးခန်းထဲဝင်ပြီးရေမိုးချိုးကာ Company သွားဖို့ပြင်ဆင်လိုက်တယ်။

''ကျင်ရီ..Company သွားမယ်..
ကားထုတ်ထားလား။''

"အဆင်သင့်ပဲ အကိုလေး.."

"ဟိုကောင်လေးရော..ကျင်ရီ "

"ဘယ်သူ့ကိုမေးတာလည်း အကိုလေးက"

"ငါ့အခန်းထဲက တစ်ယောက်ကိုမေးတာ
ခေါ်ခဲ့ သူ့ကိုပါ"

''ကျန့်ကျန့်နေမကောင်းဘူး အကိုလေး
သူ့ကိုဆေးတိုက်ပြီး တခြားခန်းမှာပြောင်းထားပေးတယ်။''

"ရှိစေတော့. သွားမယ်"

Company ရောက်ပြန်တော့လည်း ရိပေါ်
အလုပ်ထဲအာရုံမရောက်..'အားရှန့်ရဲ့ပုံနဲ့ ဟိုကောင်လေးရဲ့ပုံက ဘာလို့ဆင်နေပါလိမ့်။'

ရိပေါ်စဥ်းစားရင်းနေခဲ့တာ နာရီဝက်ပင်မက သူ့ရှေ့ရောက်လာတဲ့မန်နေဂျာဆိုသူကြောင့် ''မနက်ဖြန်လေလံပွဲစမယ် CEOဝမ်။''

''အင်..ကောင်းပြီ ဘယ်အချိန်လည်း။''

"မနက် (9) နာရီပါ CEOဝမ်.."

"သိပြီ.. သွားတော့ ''

စစ်ကျွေးကိုမနေ့ညက အကြောင်းစုံမေးမိတော့ ရှောင်ကျန့်ကို သူမတရားသိမ်းယူထားတာတဲ့..အဲ့ဒီကောင်လေးဆေးစွဲနေတာ သူ့ကြောင့်ဆိုပဲ။

'ဟူးးး ငါက အဲ့လိုထိပါ မိုက်ရူးနေမိပြီပေါ့.
စဥ်းစားမရဘူး အဲ့ဒီကောင်လေးကိုမြင်ရင်
တစုံတယောက်ကို မြင်နေရသလိုပဲ စိတ်ထဲအရမ်းရင်းနှီးနေမိတယ်။
သူက အားရှန့်များလား..ဟိုအချက်အလက်တွေကို ရှာကြည့်ရမှာပဲ'
ပြောပြောဆိုဆို
မနေ့ညက စစ်ကျွေးသူ့ကိုပေးထါးတဲ့ စာအိတ်ရှည်တခုကိုဖောက်ကြည့်မိပြန်ရော..

ပထမဆုံးမြင်လိုက်မိတာက..ဓာတ်ပုံသေးသေးလေးတစ်ပုံပဲ။

ထိုဓာတ်ပုံပိုင်ရှင်လေးက ပြုံးရယ်နေတာအရမ်းချစ်ဖို့ကောင်းတယ်။ရှေ့သွားလေးနှစ်ချောင်းက အသိအသားကြီးနေပြီးအရမ်းကိုပျော်ရွှင်လွန်းလို့ ပြုံးရယ်နေတဲ့ပုံစံမို့ ရိပေါ်ကြည့်နေရင်းသူပါလိုက်ပြုံးမိသွားတယ်။နှုတ်မှလည်း ''ချစ်ဖို့ကောင်းလိုက်တာ အားရှန့်။''

သတ်ပုံမှားတဲ့🔥 အတ္တ 🔥(Completed) Where stories live. Discover now