💓(3)💓

4.7K 254 2
                                    

1 month latter..... ပေကျင်းမြို့

လူစည်ကားတဲ့ လေဆိပ်ကနေ မောင်းထွက်လာတဲ့ အကောင်းစား အနက်ရောင်မှန်လုံကားကြီးတစ်စီး ပေကျင်းမြို့ရဲ့ ကတ္တရာလမ်းမထက် အရှိန်မြန်မြန်ပြေးထွက်သွားခဲ့တယ်။

ထိုကားပေါ်မှာ အချိုဆုံးအပြုံးတွေနဲ့ကောင်လေးတစ်ယောက် လိုက်ပါလာခဲ့တယ်...အများအမြင်မှာတော့ ထိုအပြုံးက
လှပတယ်ထင်ရပေမဲ့ အပြုံးရဲ့နောက်ကွယ်က မျက်နှာဖုံးကိုတော့ ကာယကံရှင်ကိုယ်တိုင်ပဲ သိပေလိမ့်မယ်။

သူကတော့ ကွမ်ယောင်..လှပတဲ့ပါးချိုင့်လေးနဲ့အပြုံးပိုင်ရှင်ကတော့ ဒီနေ့မှာအသုဘအခမ်းအနားပွဲတခုကို လာရောက်ခြင်းဖြစ်တယ်။
ဂျပန်ကနေ အားချင်းလာခဲ့ပုံထောက်ရင်
ဒီပုဂ္ဂိုလ်ဟာ သူ့ရဲ့အရေးကြီးအလေးထားရဆုံးသူဖြစ်နိုင်တယ်။
အနက်ရောင် ဆံကေသာတွေထဲ လက်လျှိုလိုက်ပြီး စိတ်ထဲ ဝမ်းနည်းနေခဲ့တဲ့ ကွမ်ယောင်...အပြုံးရိပ်တွေထဲ နာကျည်းချက်တွေနဲ့ အတူ စီးဆင်းနေတဲ့ မျက်ရည်တွေက တားဆီးမရ...
သူက ဘာကြောင့်ငိုနေရပါလိမ့်..ပြီးတော့
ဒီမျက်ရည်တွေကရော...

အနက်ရောင်ကားလေး ဘုရားကျောင်းကြီးတစ်ခုရှေ့ ထိုးရပ်လိုက်ပြီး..ကားနက်ပေါ်က ဆင်းလာတဲ့ ကွမ်ယောင်..
အပြေးမမည်တဲ့ ခြေလှမ်းတို့က အသုဘရုပ်အလောင်းရှိရာဆီ..

လှပတဲ့မျက်နှာပါးလေးနဲ့ အဖြူရောင်ဇာအင်ကျီတွေနဲ့ လှပစွာအိပ်စက်နေတဲ့သူမ..
သူမက ရှားမေရီပေ..
နှင်းဆီပွင့်ဖက် အနီတွေက သူမရဲ့ ကိုယ်ပေါ်အနှံ့..ပြန့်ကျဲလျှက်ရှိပြီး သူမရဲ့နှုတ်ခမ်းတွေက ဖြူဖျော့နေရှာတယ်။

"ရှားမေ့...''(ရှား ညီမလေး)
''အကိုရောက်လာပြီလေ...အခုလိုပုံကြီးနဲ့
ကြိုဆိုနေရသလား..အကိုရင်တွေကွဲနေရတယ် ညီမလေးရေ... ''

''ဟောက်ရွှမ်း.. ဟိုကောင်ဘယ်မှာရှိနေလဲဆိုတာ ရှာစမ်း..ငါသူ့ကိုအရှင်ပဲလိုချင်တယ် ကြားလား။"

''ဟုတ်ကဲ့ boss..''

''ညီမလေး...အကိုပြောပါတယ် ဒီအတ္တကြီးတဲ့ မိသားစုနဲ့ မပက်သက်ပါနဲ့ဆိုတာ ညီမလေးက အကို့စကားနားမထောင်ခဲ့ဘူး။
ခုတော့ အဖြစ်ဆိုးနဲ့.. ဒီအဖြစ်ဆိုးနဲ့မှ..
အီးးးးဟီးးးးဟီးးးးး''😭😭😭😭😭

သတ်ပုံမှားတဲ့🔥 အတ္တ 🔥(Completed) Where stories live. Discover now