💓(2)💓

5.5K 282 1
                                    

ရှောင်ကျန့်ရဲ့ဘဝက ငယ်စဥ်ကတည်းက
အဒေါ်ဖြစ်သူနဲ့သာ နေထိုင်ခဲ့ရရှာတာ..
သူတို့တူဝရီးနှစ်ယောက်ဘဝက သနားစရာကောင်းလှတယ်။

ရှောင်ကျန့်အဖေရဲ့ ညီမဖြစ်တဲ့ ဒေါ်ယွင်စီဟာ ရှောင်ကျန့်လေးကို သိပ်ချစ်ရှာတာ။
သူ့အကိုကြောင့် အရင်က စည်းစိမ်ချမ်းသာတွေ ဆုံးရှုံးခဲ့ရတာ။ လုပ်ငန်းတွေရော ငွေတွေရော နောက် တခြား လုပ်ငန်းစုမှာဝင်ထားတဲ့ ရှယ်ယာတွေ ဒါတွေအကုန် သူ့အကိုကြောင့်... အခုတော့ ကျန့်ကျန့်လေးကို သူကိုယ်တိုင်ပဲ ခေါ်ပြီးအိမ်ကထွက်လာခဲ့တာ။
သူမ အိမ်ကထွက်လာတာ ဘယ်လောက်မှမကြာသေး စံအိမ်ကြီး မီးလောင်တယ်ဆိုတဲ့သတင်းက သတင်းစာထဲထိ ပါလာခဲ့ပြန်တယ်။

သေဆုံးသူ မပြောပြထားပေမဲ့ အလောင်းတွေကို ရေခဲတိုက်သယ်ဆောင်သွားကြတဲ့ရုပ်သံကတော့ ရုပ်သံတင်ဆက်တဲ့အထဲတောင် အရှင်းသားကြီး။
ရှောင်ကျန့်လေးက အသက်ငယ်သေးတော့
ဘာမှမသိရှာဘူး။
ဒေါ်ယွင်စီကိုပဲ ခင်တွယ်အားကိုးခဲ့ရရှာတယ်။

ဒီအကြောင်းတွေကို ရှောင်ကျန့်လေးကို သူမပြောပဲ ဖုံးကွယ်ပြီးနေခဲ့တယ်။
ကျန့်ကျန့်လေးက စာတော်ပြီး ချစ်ဖို့ကောင်းလို့ ကျောင်းက ဆရာတွေနဲ့ တကျောင်းလုံးက ချစ်ကြရှာတယ်။

ဖြူစင်တဲ့အပြုံးလေးနဲ့အပြစ်ကင်းစင်တဲ့
ဒီကောင်လေးကို မချစ်တဲ့သူက မျက်လုံးကန်းနေတာပဲဖြစ်မယ်။

ဒီနေ့ ရှောင်ကျန့် ကျောင်းကိုအလာ
လမ်းမှာ လူတစ်ယောက်နဲ့ အမှတ်မထင် တိုက်မိခဲ့တယ်။

ကျောင်းနောက်ကျနေလို့ အမြန်လာကာမှ
လူနဲ့ဝင်တိုက်ဖြစ်အောင်ကိုတိုက်မိသေးတာ..

''ဟို...တောင်းပန်ပါတယ် မတော်တဆတိုက်မိတဲ့အတွက်....''

ဟိုက...ဖြူနုနေတဲ့ သူ့အသားကို အသာပုတ်ခါရင်း...''မင်းဘယ်လိုဖြစ်ပြီး နမော်နမဲ့နိုင်ရတာလည်း။''

ရိပေါ် အပေါ်က ကောင်လေးကို မကြည့်မိပဲ အော်ပြောလိုက်တာမို့..မျက်နှာငယ်လေးနဲ့ ကြောက်သွားရှာတဲ့ ရှောင်ကျန့်။

''ဟို..ဟို..အကို ကျန့်ကျန့်တောင်းပန်ပါတယ်။ ကျောင်းနောက်ကျနေလို့ လောသွားလို့ပါ ....''

သတ်ပုံမှားတဲ့🔥 အတ္တ 🔥(Completed) Where stories live. Discover now