(38)

1.5K 77 2
                                    

''ဝမ်ရိပေါ် ငါတို့ ကောကိုကယ်မှဖြစ်မယ်။''

ချောင်လျန်ရဲ့စကားကိုကြားပြီး..
''ငါတို့ အချိန်ယူရမယ် ချောင်လျန်...''

''ကွမ်ယောင်က ဘယ်မှာအခြေချနေမှန်းငါတို့မှမသိနိုင်သေးပဲ..
သူ့ရဲ့ တည်နေရာကို သိရင်တောင်မှ အရမ်းလောအားကြီးလို့မရသေးဘူး။
လူဆိုးလူမိုက်ဆိုနေမှ..သူ့မှာ လက်နက်ကိုင်အဖွဲ့အစည်းတွေရှိမှာပဲ...
ငါတို့ အရိပ်အခြည်ကြည့်ပြီး လှုပ်ရှားရမှာပဲ...လောလောဆယ် ငါအိမ်ပြန်ရမယ်
အိမ်မှာ အားရှန့်နဲ့သမီးပဲရှိတယ် ငါစိတ်မချဘူး။''
ပြောနေရင်းကားရှိရာဆီရှောက်သွားတဲ့ချောင်လျန်ကြောင့်...

''ချောင်လျန် မင်းဘယ်သွားမလို့လဲ..ညမိုးချုပ်နေပြီလေကွာ...''

''ငါ ဒုသမ္မတကို သွားတွေ့မလို့..
ဒီကိစ္စက သူနဲ့လည်း ပက်သက်နေနိုင်တယ် ငါမေးမှရမယ် ရိပေါ်။''

''မသွားရဘူး...အဲ့လူရှုတ်တွေနဲ့ဝေးဝေးနေ
ချောင်လျန်။သူတို့နဲ့ငါတို့တွေက မတူညီဘူး လောဘအတ္တသမားတွေက နိုင်ငံရေးအကြောင်းပြပြီး ဒုစရိုက်အလုပ်တွေလုပ်ကိုင်နေကြတာ မင်းမသိလို့လားကွာ။''

''ငါနဲ့အိမ်အတူပြန်လိုက်ခဲ့..မင်းတခုခုဖြစ်လို့မရဘူး.. မင်းမှာလုပ်စရာအလုပ်ရှိသေးတယ်ဆိုတာ သတိရအုံး။မင်ဝမ်လေးနဲ့အကိုရှောင်ပိုင်ကို မင်းဘက်ကကူညီပေးရအုံးမယ်လေ။မင်းတဇွတ်ထိုးလုပ်တာအရေးမကြီးဘူး သူတို့သားဖနှစ်ယောက်အတွက်စဥ်းစားပေးရမှာ..''

''Sorry..ရိပေါ် ငါ့စိတ်တွေ နည်းနည်းလွတ်သွားတယ်ထင်တယ်။''

''ထားတော့ ပြန်ကြမယ်..ငါ စစ်ကျွေးကို ထပ်စုံစမ်းခိုင်းလိုက်မယ် ချောင်လျန် မင်းစိတ်မပူနဲ့။''

.
.
.
.
ကွမ်ယောင်ရဲ့ဒဏ်ရာကို ဆေးထည့်ပေးနေတဲ့ ဟောက်ရွှမ်း..
''Boss..လုပ်ငန်းတွေ ခဏရပ်ထားမှဖြစ်လိမ့်မယ်ထင်တယ်။''

''ဘာလို့လဲ.. ဟောက်ရွှမ်း..''

''အထူးစုံစမ်းရေးတပ်ဖွဲ့က ကျွန်တော်တို့အဖွဲ့ကို ဖမ်းဆီးနေလို့ပါ...
ပြီးတော့ အာရှ နိုင်ငံတော်တော်များများကလည်း ပစ္စည်းပို့ဖို့ တင်းကြပ်တဲ့စစ်ဆေးရေးတွေကြောင့် အဆင်မပြေလှဘူး။
အဖမ်းအစီးတွေအရမ်းများနေလို့ပါ..''

သတ်ပုံမှားတဲ့🔥 အတ္တ 🔥(Completed) Where stories live. Discover now