💓(9)💓

3.5K 249 17
                                    

"ဟဲလို.....ရဲစခန်းကလားခင်ဗျာ..
ဘူတာရုံနဲ့မလှမ်းမကမ်းမှာ သေနတ်ပစ်ခံရလို့ပါ.မျက်မြင်တွေ့တဲ့အတွက် ဖုန်းဆက်အသိပေးရခြင်းပါ။''

အပြုံးတွေနဲ့ နှုတ်ခမ်းပါးတွေကွေးသွားခဲ့တဲ့သူ..''အဟက် ငါကျေနပ်တယ်''ပြောရင်း
အရှေ့က သုံးယောက်ရဲ့မြင်ကွင်းကို မှတ်တမ်းတင်ထားတဲ့ ကင်မရာကို သိမ်းလိုက်ပြီး ထိုနေရာမှ လစ်ထွက်ခဲ့လိုက်တယ်။

ရှောင်ကျန့်ရဲ့ခြေလှမ်းတွေကတော့ အနားက အလောင်းကောင်ဘေး ခွေလဲကျသွားခဲ့တယ်။

ရဲတွေရောက်လာတဲ့အတွက် ဝမ်ရိပေါ်
သူမြင်ခဲ့တဲ့အတိုင်း ပြန်ပြောပြခဲ့တယ်။

ရှောင်ကျန့်ရဲ့လက်ထဲက သေနတ်ကို
ရဲတွေဘက်က သိမ်းဆည်းလိုက်ပြီး.. ရဲစခန်းရှိရာဆီ ချုပ်ခေါ်သွားတော့တယ်။

ရှောင်ကျန့်ကို လူသေမှုနဲ့ အမှုစစ်ရဲတွေက
အခန်းတစ်ခုမှာ စစ်မေးနေခဲ့ပြန်တယ်..
ဒေါသရိပ်တွေနဲ့ လူတစ်ဦးကတော့ ထိုကောင်လေးကို မှန်ရဲ့တဖက်တချက်ကနေစိုက်ကြည့်နေခဲ့ရှာတယ်။

ရှောင်ကျန့် သူဘာမှမသိတဲ့အကြောင်းသာ
ပြောနေမိတယ်။
သူ့ခေါင်းကို ခပ်မာမာအရာနဲ့အရိုက်ခံခဲ့ရပြီး သူမေ့သွားခဲ့တာ သူဒီလောက်သာ
မှတ်မိတယ်။
သေနတ်တွေ လူသေတာတွေ ရထားသံလမ်းတွေ သူဘာမှမသိ။အထူးသဖြင့်
သေဆုံးသွားတဲ့ ကောင်မလေးကို သူနာမည်မပြောနဲ့ တခါမှတောင်မမြင်ဘူး..
သိလည်းမသိဘူး။
ဘာအငြှိုးကြောင့် သူက အဲ့မိန်းကလေးကို
သတ်ရမှာလည်း ယုတ္တိမရှိလိုက်တာ။

ရှောင်ကျန့်ရဲ့သွေးတချို့ကို မှုခင်းစစ်ရဲတွေက ဆေးသုံးထားသလားဆိုပြီး စစ်ဆေးခဲ့တော့မှ သူ့ကိုယ်ထဲ ဆေးတမျိုးထိုးသွင်းခံထားရတယ်ဆိုတာ ရဲတွေဘက်ကသိခဲ့ရတယ်။

ဒီဆေးက လူကိုမူးမိုက်စေတယ် ပြီးတော့
အမြင်အာရုံတွေ ဝေဝါးစေပြီး သတိမေ့စေတဲ့ဆေးတမျိုး။

ရဲတွေက ရှောင်ကျန့်ရဲ့ အုပ်ထိန်းသူကို
မေးမြန်းပြန်တယ်။
''မင်းရဲ့ မိဘဆွေမျိုးတွေရှိလား..ရှိရင် စခန်းကိုလာတွေ့ခိုင်းလိုက်။ဖုန်းနံပါတ်သိရင်ပြော ဆက်သွယ်ပေးမယ်။''

သတ်ပုံမှားတဲ့🔥 အတ္တ 🔥(Completed) Where stories live. Discover now