💓(30)💓

2K 103 8
                                    

မနက်လင်းလာတော့ ရှောင်ကျန့်ကို နောက်ကသိုင်းဖက်ပြီးအိပ်ပျော်နေတဲ့ ရိပေါ်ကြောင့် ရှောင်ကျန့်နိုးလာတော့ လှုပ်မရပြန်ဘူး။

တော်သေးတယ် ညကတရေးနိုးတုန်းက
ဝမ်ဝမ်လေးရဲ့ပါးစပ်ထဲက သူ့နို့ကို မနည်းပြန်ချွတ်ထားရတာ။

သမီးကအိပ်ပျော်နေလို့ပေါ့ မဟုတ်ရင် သတိရတိုင်း သွားနှစ်ချောင်းနဲ့ ကျိတ်ရင်
ရင်ထဲကလိကလိနဲ့နေပြီးခံရခက်တယ်လေ။

ပါးဖောင်းဖောင်းလေးနှစ်ဖက်က သူ့အဖေရဲ့အမွေတွေလေ..ဝမ်ဝမ်လေးက မျက်နှာပြည့်ပြည့်လေးနဲ့ ရိပေါ်လိုပဲ..
နိုးနေရက်နဲ့ ထပိုင်ခွင့်မရှိပြန်တဲ့ရှောင်ကျန့်ရဲ့ဘဝ...အိပ်နေမြဲအတိုင်းလေးသာနေနေရတယ်။

တဖက်ခန်းက သားဖတွေကတော့ အိပ်ယာနိုးနေကြပြီလေ..
မင်ဝမ်လေးနဲ့ရေအတူချိုးနေတဲ့ ရှောင်ပိုင်
''ပါးပါးရှောင် မင်ဝမ် ညီမလေးကိုချီချင်တယ်။မနေ့က တွေ့တဲ့ညီမလေးကိုလိုချင်တယ် ညီမလေးကို တောင်းပေး။''

ရေချိုးခန်းထဲ အဖေလုပ်သူကို ပူဆာနေတဲ့မင်ဝမ်လေးကြောင့် ရှောင်ပိုင်ရယ်ရခက်ငိုရခက်နဲ့...
''မင်ဝမ် ပါးပြောပြမယ် ညီမလေးက ငယ်သေးတယ် သားမချီတတ်ဘူး။
တော်ကြာချော်လဲပြီးညီမလေးက အောက်ပြုတ်ကျသွားရင် နာသွားမှာပေါ့ ကလေးရဲ့။''

''ဒါဆို ညီမလေးရဲ့ပါးဖောင်းဖောင်းလေးကို
ကိုင်ကြည့်ချင်တယ် ပါးပါး။''

''ခဏနေ..ပါးပါးပေးကိုင်မယ် ခုတော့ရေအမြန်ချိုးကြရအောင်လား..မင်ဝမ် အအေးမိလိမ့်မယ်မြန်မြန်ချိုးတော့။''

''ဟုတ်..ပါးပါးရှောင်။''

''ဟောက်ရွှမ်း..  လူတစ်ယောက်အကြောင်း စုံစမ်းထားလိုက်..
သူကဒေါက်တာပဲ.. ငါဓာတ်ပုံပို့ပေးလိုက်မယ်။''

''ဟုတ်ကဲ့..သူဌေးကွမ်..''

.
.
.
''ချောင်လျန်..မင်ဝမ်လေးကို ကြည့်ထားပေးအုံးနော်..ဒီနေ့ကော ဆေးရုံခဏသွားရမယ်ထင်တယ် ဒုသမ္မတရဲ့အိမ်ကို သွားဖြစ်ရင်လည်းဖြစ်မယ် အတိအကျမသိဘူး။''

''အင်းပါ ကောသွားစရာရှိတာသွားပါ
မင်ဝမ်လေးနဲ့ ကျွန်တော်အတူရှိနေပေးလိုက်မယ်။''

သတ်ပုံမှားတဲ့🔥 အတ္တ 🔥(Completed) Where stories live. Discover now