(39)

1.5K 75 2
                                    

အိပ်ပျော်နေတဲ့မင်ထျန်နဲ့ သားဖြစ်သူကို
ကြည့်ပြီး ကွမ်ယောင်နောင်တတွေများစွာရနေခဲ့တယ်။သားဖြစ်သူကို သူဆုံးရှုံးရမှာကြောက်လာမိတယ်..မင်ထျန်ကရော သူ့ကို ခွင့်လွှတ်ပါ့မလား။

ရှဖေးကို သူ့ဘက်က မသတ်ခဲ့ရင်ကောင်းသား။ကျောက်မာန်နဲ့.အားမာန်ပြောတဲ့အတိုင်းသူမလုပ်ခဲ့ဘူးဆိုရင်...ခုနေ အခြေအနေတွေက တမျိုးပြောင်းနေနိုင်တယ် မဟုတ်လား။

သူက အမှန်တော့ အတ္တစိတ်ကို သတ်ပုံမှားပြီးရေးမိသွားတဲ့ စာဖြေသူလိုပဲ..သူ့အတ္တအတွက်ပဲ ကြည့်ခဲ့မိတာ..အဲ့ဒီအတွက် အခုသူကိုယ်တိုင်သတ်ပုံမှားနေရခြင်းမျိုး။
အမှားတွေ..နောင်တတွေဟာ ပြင်ဆင်ချိန်လင့်နေမှ သူဘယ်လိုဆက်လုပ်ရမှာ။
အခိုင်မာဆုံး ဆုံးဖြတ်မှုတစ်ခု သူလုပ်မှရတော့မယ်လေ...မင်ထျန်ရဲ့ခွင့်လွှတ်မှုနဲ့ သူ့ဘက်က ဖမ်းဆီးခံမဲ့အကြောင်းပါ။

'ငါ့ အမှားတွေအတွက်..ဘယ်လိုပြန်ပြီးပေးဆပ်မှ ကျေနိုင်မှာလဲကွာ...'
လက်ထဲက အရက်ခွက်က ငါးခွက်မြောက်နေပြီ..သူ့ရဲ့အမြင်အာရုံတွေထဲ ဝေဝါးလာတော့သည်။ဒီလိုနဲ့သူ့ခြေလှမ်းတွေက..

ဒါနဲ့ပဲ မင်ထျန်နဲ့ကလေးရှိရာကုတင်ဘေး
ရောက်လာတဲ့ ကွမ်ယောင်..
ကိုယ်က အထီးကျန်မှုတွေနဲ့မို့ ခုချိန်မှာ
သူ့ဘေးနားရှိနေတဲ့ မင်ထျန်နဲ့ကလေးကိုပွေ့ဖက်ထားချင်တာ သူ့ဆန္ဒပဲ။

အိပ်ပျော်နေသော မင်ထျန်ကိုယ်လေးကို
နောက်ကနေသိုင်းဖက်လိုက်တဲ့ကွမ်ယောင်ကြောင့် လန့်နိုးလာတဲ့ မင်ထျန်...
''မင်း..ဘာလုပ်တာလဲ.. လွှတ် ငါ့ကိုလွှတ်...''

မင်ဝမ်လေးက အိပ်ပျော်နေတဲ့အတွက်..
အသံကျယ်ကျယ်လဲပြောလို့မရရှာ
ထိုအ​ဖြစ်တွေနဲ့ ဒေါသပုန်ထနေရတဲ့မင်ထျန်...

''ကိုယ်တောင်းပန်ပါတယ်.. မင်ထျန်
ကိုယ့်ကိုခွင့်လွှတ်ပါကွာ..ကိုယ်မင်းကိုအရမ်းလွမ်းနေခဲ့တာ..
မင်းကို ချစ်တယ်...ချစ်တယ် ယုံကြည်ပေးပါ။ ''

မင်ထျန်ရဲ့လည်ဂုတ်သားတွေကို နမ်းရှိုက်ရင်း... ခါးကလက်တွေက မင်ထျန်ရဲ့အင်ကျီအောက် နေရာပြောင်းလာတဲ့အတွက်..
မင်ထျန်ရဲ့ဒေါသက ငယ်ထိပ်ရောက်လာပါလေရော...

သတ်ပုံမှားတဲ့🔥 အတ္တ 🔥(Completed) Where stories live. Discover now