💓(24)💓

2.7K 190 11
                                    

ရှောင်ကျန့်ဆီ ဝင်လာတဲ့ဖုန်းကြောင့်..

''Hello.. ဉီးလေးဝမ်..ပြောပါ ''

''သားရဲ့အကိုကို သားခေါ်သွားတာလား။''

''ဟုတ်တယ် ဦးလေး..ကောကကျွန်တော်နဲ့အတူရှိနေတာပါ။ဉီးလေးစိတ်မပူပါနဲ့။''

''ကောင်းပြီအားရှန့်လေး ဦးလေးစိတ်ချပါပြီ
သားရဲ့ကောကို သားဂရုစိုက်ရမယ်နော်။''

''ဟုတ်ကဲ့။ ''
.
.
.
.

ဝမ်ရိပေါ်ရဲ့အခြေအနေက တော်တော်​ လေးအနားယူရမဲ့အခြေအနေမှာမို့..ရှောင်ကျန့်
သူ့သမီးကို လွမ်းလှပြီ ဒါကြောင့် ဒေါ်ဒေစီကို ကလေးလာပို့ခိုင်းပြန်တယ်။

ဝရန်တာကနေ လှမ်းမြင်နေရတဲ့ ကန်ရေပြင်ကြီးဟာ တိတ်ဆိတ်ညိမ်သက်လို့..
ရှောင်ကျန့်ရဲ့အတွေးတွေက ထိုကန်ရေပြင်ထက် ပို၍တိတ်ဆိတ်ညိမ်သက်နေပြန်တယ်။
မတတ်သာတဲ့အဆုံးမှ ကလေးအကြောင်းဖွင့်ဟဝန်ခံသွားမှာ..
သမီးလေး ဝမ်ဝမ်က ရှောင်ကျန့်ရဲ့ ဒုတိယအသက်ဘူးလေးမို့ ရှောင်ကျန့်အလွယ်နဲ့တော့ အ​ေရှာ့ပေးမှာမဟုတ်ပေ။
.
.
.

.

နောက်နေ့မနက်မှာတော့ မကာအိုရဲ့ရှောင်းစံအိမ်တော်မှာ ကလေးရယ်သံလွင်လွင်လေးက မနက်ခင်းရဲ့အလှတရားနဲ့အတူနိုးထလာတော့သည်။

''ခစ်ခစ်ခစ်...ခစ်ခစ်ခစ်''နဲ့..
ရှောင်ကျန့် သူ့သမီးငယ်ကို ရေချိုးပေးအပြီး ကျီစယ်နေတဲ့အတွက် ဝမ်ဝမ်လေးရဲ့ရယ်သံလေးက အသည်းထဲရင်ထဲအထိချစ်မဝရအောင် ပိုရသည်အထိပါ။

ဝမ်ဝမ်လေးရဲ့ပါးနှစ်ဖက်ပေါ်ကို သခွားသီးနှစ်ကွင်းတင်ပေးပြီး သမီးကို အလှပြင်ပေးနေတဲ့ မားမားကျန့်ရယ်ပါ။

သမီးရဲ့ဓာတ်ပုံကို အကျအနရိုက်ပြီး poto
Books မှာ သိမ်းထားလိုက်တဲ့ရှောင်ကျန့်။

''ပါးပါးရဲ့သမီးလေးတောင် အတော်လေးချစ်ဖို့ကောင်းနေပြီနော်..''

သားဖနှစ်ယောက်
ရဲ့အသံတွေကြောင့် ရိပေါ် အခန်းထဲကနေ
အိမ်အောက်ထပ်ဆီဆင်းလာပါတော့တယ်။
သူသိပ်သိချင်နေတယ်..ရှောင်ကျန့်ရဲ့အသံတွေက ဘာလို့ဒီလောက်ထိပျော်ရွှင်နေရပါလိမ့်ဆိုပြီး...အားယူပြီး ရအောင်ဆင်းလာခဲ့တယ်။

သတ်ပုံမှားတဲ့🔥 အတ္တ 🔥(Completed) Where stories live. Discover now