💓(25)💓

2.7K 153 6
                                    

အိပ်ပျော်နေတဲ့သမီးဖြစ်သူကို ရိပေါ်ကြည့်ပြီးအသည်းယားနေပြန်ရော..
''အားရှန့် သမီးလေးက ကောနဲ့တူတယ်မဟုတ်လား။ပါးဖောင်းဖောင်းလေးတွေက
မွှေးချင်စရာလေး''
စိတ်မထိန်းနိုင်ပဲ သမီးဖြစ်သူရဲ့ပါးဖောင်းဖောင်းလေးဆီ အနမ်းပို့မိပြန်တော့ နိုးလာခဲ့တဲ့ဝမ်ဝမ်လေး..

''အဟင့်..အဟင့်..အဟင့်..''

မျက်လုံးမဖွင့်သေးပဲ အရင်ဆုံးငိုသံကထွက်ပေါ်လာတော့ ရှောင်ကျန့် သမီးဖြစ်သူကို
ကောက်ပွေ့လိုက်ပြီးရင်ခွင်ထဲ ပုတ်၍ချော့နေရပြန်တယ်။

''အင်းပါ..ပါးရဲ့သမီးလေးက အိပ်ရေးဝမသေးဘူးကိုး..ဟုတ်တယ်နော်..
သမီးရဲ့ပါးပါးက အရမ်းဆိုးတာပဲ သမီးရဲ့အိပ်ကောင်းခြင်းတွေကို နှောက်ယှက်နေလို့..အင်းပါ အင်းပါ.. လိမ္မာတယ်ပါးရဲ့သမီးငယ်က...''

ဝမ်ဝမ်လေးရဲ့ကျောပြင်လေးကို ရှောင်ကျန့် သူ့ရဲ့လက်လေးများနဲ့အသာပွတ်ပေးရင်း ပြန်ချော့သိပ်နေရပြီ..
လက်မလေး ပါးစပ်ထဲထည့်နေတဲ့ဝမ်ဝမ်လေးကြောင့် ချိုလိမ်လေးယူပြီးပါးစပ်ထဲအသာထည့်ပေးကါ နှစ်နှစ်ခြိုက်ခြိုက်ပြန်အိပ်ပျော်သည်အထိ ရှောင်ကျန့်မှာ ဂရုစိုက်နေရရှာတယ်။

''ကောကလေ..အားကြီးနဲ့သမီးကိုနမ်းရသလား..ဝမ်ဝမ်လေးက အရမ်းသတိကြီးတာ
အရမ်းလဲ နားပါးတယ်။''

''ဟုတ်ပါပြီ ကောနောက်တခါသမီးအိပ်နေရင် မနမ်းတော့ပါဘူး..ကောကအူယားလို့ပါ အားရှန့်။''

''ဒီနေ့ ဆရာဝန်လာလိမ့်မယ် ဆေးထိုးရမယ် သိလား ရေချိုးထားတော့ သွား။''

''အင်းပါ..အားရှန့်လေး...
မွ..''
ရှောင်ကျန့်ရဲ့ပါးကို အလစ်နမ်းသွားတဲ့ရိပေါ်ကြောင့်..

မျက်စောင်းတွေနဲ့ပွစိပွစိပြောပြီးကျန်ခဲ့တဲ့
ရှောင်ကျန့်..ရင်ထဲမှာတော့ အပျော်တွေနဲ့ပါ။

ကောက သူ့ကို ငယ်ငယ်ကလိုပဲ အရမ်းချစ်နိုင်ပါစေလို မျှော်လင့်မိပြန်တယ်။
ကြားက ဒုက္ခတွေပဲပေးခဲ့တဲ့ ကံတရားကြီးကို ဒီတခါတော့ ပျော်ရွှင်ခြင်းတွေပဲပေးပါလို့ တောင်းဆိုမိပြန်တယ်။

သတ်ပုံမှားတဲ့🔥 အတ္တ 🔥(Completed) Where stories live. Discover now