extra 💞

2.1K 92 3
                                    

ပေကျင်းမြို့ရဲ့ ယနေ့မှာတော့ မိဘမဲ့ ဂေဟာတခုမှာ သမီးငယ်ဝမ်ဝမ်လေးရဲ့ မွေးနေ့ပွဲကို ကျင်းပပေးခဲ့တဲ့ ဝမ်ရိပေါ်နဲ့ရှောင်ကျန့်။

ချစ်စရာကလေးငယ်များကြား ဂါဝန်ဖြူလေးနဲ့ အပြုံးပန်းတွေဝေနေတဲ့ သမီးဖြစ်သူကို ဓာတ်ပုံလှလှလေးတွေ ရိုက်နေခဲ့သူက ချောင်လျန်ပါ။

''ဦးဦးချောင်...ဝမ်ဝမ်ပါးပါးကိုခေါ်လိုက်အုံးမယ် ခဏစောင့်ပေး။''

''ဟုတ်ပါပြီ.. ဗျ သခင်မလေးရဲ့အလိုကျပါ။''

''ဟီးဟီး.. ''(ရှောင်ကျန့်လိုသွားနှစ်ချောင်းကပြူးလို့)😁

ကလေးတွေကို မုန့်တွေနဲ့လက်ဆောင်ပစ္စည်းတွေဝေပေးနေတဲ့ ရိပေါ်နဲ့ရှောင်ကျန့်နားကို ဂါဝန်လေးမပြီးရောက်လာတဲ့ ဝမ်ဝမ်လေး။

''ဒယ်ဒီနဲ့ပါးပါး ဝမ်ဝမ်လေးနဲ့ဓာတ်ပုံလှလှလေးမရိုက်ချင်ကြဘူးလား။''

နှုတ်ခမ်းလေးထှော်ပြီး အလိုမကျသလို
အမူအယာတွေနဲ့ အူယားအောင်လုပ်နေတဲ့
သမီးဖြစ်သူကို ရိပေါ်ကောက်ချီလိုက်ပြီး..

''ဒယ်ဒီက ဝမ်ဝမ်လေးကို ဟော့ဒီလိုလေးချီပြီးဓာတ်ပုံရိုက်မှာ..''ပြောရင်းသမီးဖြစ်သူကိုနမ်းလိုက်တဲ့ရိပေါ်ကြောင့်...

''ခစ်ခစ်ခစ်.. ပါးပါးကို ခေါ်အုံးလေ ဒယ်ဒီဝမ်''

''အားရှန့်.. သမီးနဲ့အတူ ကောတို့ အမှတ်တရဓာတ်ပုံရိုက်ကြရအောင် ခဏလောက်လာခဲ့ပါလား။
ပြီးမှ ဆက်ဝေလို့ရတာပဲ..''

''အင်းပါ..လာပြီကော''

''ချောင်လျန် သေချာလှလှပပရိုက်ပေးအုံး''

''မင်းက မလှလည်းအကြောင်းမဟုတ်ဘူး
ငါ့တူမလေးဝမ်ဝမ်လှဖို့က အရေးကြီးတယ်
ဟုတ်တယ်နော် ဝမ်ဝမ်လေး...''

''ဟုတ်တယ် ဦးဦးချောင်..''

ခုဆိုရင်.. မြက်ခင်းစိမ်းကြီးထဲ ထိုင်ချပြီး
ရိပေါ်ရဲ့ရင်ခွင်ထဲမှာ ရှောင်ကျန့်ကရှိနေပြီး
ရှောင်ကျန့်ရဲ့ရင်ခွင်ထဲမှာ သမီးဖြစ်သူ ဝမ်ဝမ်လေးက ရှိနေပြန်တယ်။

''ချလပ်...''

နောက် တပုံက သမီးဖြစ်သူကို သူတို့နှစ်ယောက်ရဲ့အလယ်မှာ ထားပြီး ဝမ်ဝမ်လေးရဲ့ပါးတဖက်စီကို နမ်းနေကြတဲ့ ပုံပါ။မျက်လုံးလေးများအစ်သည်အထိရယ်ပြနေတဲ့ဝမ်ဝမ်လေးက တကယ့်ကို ချစ်စရာလေး...

သတ်ပုံမှားတဲ့🔥 အတ္တ 🔥(Completed) Where stories live. Discover now