Final

10.8K 651 76
                                    

[Zawgyi]

ချစ်နေဖို့ပဲ လိုတာပါ ငယ်ရေ။ ချစ်နေတဲ့အခါ ချစ်ရတဲ့သူက ငယ်ဖြစ်နေဖို့ပဲလိုတာ။ နံရိုးတစ်ချောင်းမဟုတ်ခဲ့ရင်တောင် ငယ်က ကိုယ့်ရဲ့ ဝိဉာဉ်တစ်ခြမ်းအဖြစ် တည်ရှိနေတဲ့ ဖြစ်တည်မှုလေးပါပဲ။

>>>>>>>>>>

ရာသီစက်ဝန်းက အလီလီပြောင်းလဲလာပြီး ဆောင်းရာသီကုန်ဆုံးကာ နွေဦးရာသီကို အစပြုလာသည်။ မေမြို့ရဲ့ ဘေးဘယ်ညာလမ်းမကြီးတစ်လျှောက်က ချယ်ရီပင်တို့မှာ အဖူးအပွင့်တို့နှင့် ပန်းချီကားတစ်ချပ်ပေါ် ပန်းသွေးနုနုတို့ ပက်ဖျန်းထားသည့်နှယ် လှလှပပတည်ရှိနေသည်။

"သုံးဘီးပေါ်တက်ပါဗျ ... ကျွန်တော်က ခြံထဲကို လိုက်ပြပေးမယ်နော်"

လူဆယ့်နှစ်ယောက်လောက် အေးအေးသာသာစီးနိုင်သည့် အဝါရောင် သုံးဘီးလေးနားမှာ လင်းသွေးက မတ်တပ်ရပ်ရင်း ပြုံးပြုံးရွှင်ရွှင်ပြောတော့ စုစုပြုံပြုံရပ်နေကြသည့် လူရှစ်ယောက်ခန့်က သုံးဘီးလေးပေါ် တက်ကြသည်။

"ဟယ်လို ဦးမဟာ ... ဟုတ် ကျွန်တော်လာပြီနော် ... ခြံထဲက ကလေးမလေးတွေကို သေချာကြည့်ဖို့ ပြောထားပေးဦး ... စကားကြည့်များမနေနဲ့လို့ အဲ့ကလေးမတွေ ... အင်းး လာပြီ လာပြီ"

တစ်ဖက်လူက ဘာတွေပြောလိုက်မှန်းမသိပေမယ့် လင်းသွေးကတော့ ပြုံးရွှင်ကာ ဖုန်းလေးကို ချလိုက်ပြီး ဘောင်းဘီအိတ်ကပ်ထဲ ထိုးထည့်လိုက်သည်။ ပြီးတာနဲ့ သုံးဘီးလေးပေါ်ကို အလျင်အမြန်တက်လိုက်သည်။ အဆင်သင့် ရှိနေသည့် သော့လေးကို လှည့်ဖွင့်လိုက်ရင်း စက်နှိုးကာ မြေနီလမ်းလေးတစ်လျှောက် နောက်ကပါလာတဲ့ လူတွေလဲ အန္တရာယ်ကင်းအောင်ရယ် မျက်စိတစ်ဆုံး ဘေးဘယ်ညာမှာရှိနေတဲ့ လိမ္မော်ပင်တွေနဲ့ နဂါးမောက်ပင်တွေကို ကြည့်ရှုနိုင်အောင် သုံးဘီးလေးကို ဖြေးဖြေးသာသာ မောင်းနှင်ခဲ့လိုက်သည်။

"ရောက်ပါပြီဗျ ... ယူလာတဲ့ ပလိုင်းလေးတွေထဲ လိမ္မော်သီးလေးတွေ ခူးထည့်လို့ရပါတယ်နော် ... ကီလိုနဲ့လဲ ဝယ်လို့ရပါတယ် ... ခြံထဲကို သေချာလေ့လာပြီးရင် ဒီနေရာမှာပဲ ဆုံကြပါမယ်နော် ... လိမ္မော်သီးတွေ အမြည်းလဲ တောင်းစားလို့ရပါတယ်"

Unconditionally [Completed]Where stories live. Discover now