Part 15

6.5K 821 27
                                    

[Zawgyi]

ရေနံဝနေတဲ့ တံခါးချပ်ကို တွန်းဖွင့်လိုက်ပြီးတဲ့နောက်မှာတော့ တံခါးချပ်အနောက်က ဘာမှမမြင်ရလောက်အောင် အမှောင်အတိ ကြီးစိုးနေသည်။ မဟာလဲ ကုတ်အင်္ကျီရဲ့ အတွင်းရင်ဘတ်အိတ်ထဲကနေ လက်နှိပ်ဓာတ်မီးအတိုလေးကို ထုတ်လိုက်ပြီး အခန်းထဲကို ဓာတ်မီးနဲ့ထိုးလိုက်တော့ အခန်းပုံစံမျိုးမဟုတ်ပဲ အောက်ဆင်းသည့် ကြောင်လိမ်လှေကားကို တွေ့ရသည်။ မဟာက လင်းသွေးကို လှည့်ကြည့်တော့ လင်းသွေးက ဒါရှိနေတာ သူမသိဘူးဆိုတဲ့ ပုံစံနဲ့ ခေါင်းရမ်းပြသည်။ ဓာတ်နှိပ်ဓာတ်မီးက သေးတာကြောင့် အလင်းရောင်ကောင်းကောင်းမရပေမယ့် အရှေ့ကိုဆက်သွားဖို့တော့ ကောင်းကောင်းမြင်ရသည်။

ဝုတ် !!!

'ဟာ ကူဘို . ခဏစောင့်ဦး'

မဟာ့ရဲ့ဘေးနားမှာ ငြိမ်နေတဲ့ ကူဘိုက တစ်ချက်ဟောင်ကာ ကြောင်လိမ်လှေကားကနေ အောက်ကို ဆင်းသွားသည်။ မဟာလဲ ကူဘို့ကို လှမ်းဟန့်ရင်း ကူဘို့နောက်ကို လိုက်ဖို့ပြင်ရသည်။

'ရှေ့ကနေသွား လင်းသွေး . ငါ အနောက်ကနေ ဓာတ်မီးနဲ့ မီးထိုးပေးမယ်'

'အွန်း'

လင်းသွေးက ခေါင်းတစ်ချက်ညိမ့်ရင်း ကြောင်လိမ်လှေကားရဲ့ ဘေးက လက်ရန်းတွေကိုကိုင်ကာ အောက်ကို ဖြေးဖြေးချင်းဆင်းသည်။ မဟာလဲ နောက်ကနေ လိုက်လာရင်း ဖြေးဖြေးချင်း ကွေ့ပတ်ပြီးဆင်းရသည်။ အောက်ကိုရောက်တော့ ကူဘိုက ဆက်မသွားသေးပဲ မဟာနဲ့ လင်းသွေးကို စောင့်နေပုံရသည်။ မဟာလဲ ရှေ့ကို ဆက်သွားရမယ့်လမ်းကို ဓာတ်မီးနဲ့ထိုးကြည့်လိုက်တော့ ဘေးဘယ်ညာမှာ မြေသားတွေသာရှိပြီး လမ်းကျဉ်းလေးက တစ်ယောက်သာ ကောင်းကောင်းသွားလို့ရသည်။ လမ်းကျဉ်းလေးရဲ့အဆုံးမှာ တံခါးတစ်ချပ်ရှိနေပြီး တံခါးချပ်ရဲ့ အပေါ်တည့်တည့်မှာ မီးလုံးဝါလေး တစ်လုံးသာထွန်းထားသည်။ မီးလင်းနေတဲ့ မီးလုံးဝါလေးကြောင့် လူသွားလူလာရှိနေသည်ဆိုတဲ့ သက်သေပင်။

ကူဘိုက ရှေ့ကနေ လမ်းကျဉ်းလေးကို ဦးဆောင်သွားပြီး နှာခေါင်းကလဲ တရှုံ့ရှုံ့နဲ့ အနံ့လိုက်ခံနေသေးသည်။ တစ်ယောက်သာ ကောင်းကောင်းသွားလို့ရတဲ့ လမ်းဖြစ်တာကြောင့် လင်းသွေးက မဟာရဲ့ ရှေ့ကနေ သွားရင်း နောက်လှည့်ကာ မဟာ့ကို လှည့်ကြည့်လှည့်ကြည့်လုပ်နေသည်။ မဟာက ဘာလဲဆိုတဲ့သဘောနဲ့ မေးငေါ့ပြတော့ ဘာမှမဟုတ်တဲ့ ပုံစံ ခေါင်းရမ်းပြကာ ရှေ့ကို ပြန်လှည့်သွားသည်။ လျှောက်လမ်းဆုံးတော့ ကြောင်လိမ်လှေကားအောက်ကနေ မဟာတို့ လှမ်းမြင်ခဲ့ရသည့် တံခါးဆီကို ရောက်လာသည်။ ကူဘိုက တံခါးရှေ့မှာ ဖင်ထိုင်ချရင်း မဟာတို့ဘက်လှည့်ကာ အမြီးကို အတင်းရမ်းပြလိုက် တံခါးကို လက်နဲ့ခုန်တွန်းကာ ပတက်ယက်ပြလိုက်နဲ့ အထဲမှာ တစ်ခုခုရှိနေတာ သေချာကြောင်းပြသည်။

Unconditionally [Completed]Where stories live. Discover now