Part 22

5.9K 773 34
                                    

[Zawgyi]

'မဟာရေ စောက်ပြဿနာတော့ တက်ပြီ !'

'ဘာဖြစ်လို့လဲ စိုးသိန်း'

မဟာထူးမြတ်တို့ သုံးယောက်ညဈေးတန်းကနေပြန်လာပြီးကတည်းက ကိုယ်စီအခန်းထဲဝင်ကာ အနားယူကြသည်။ ယူနီဖောင်းတွေကို ချွတ်ပြီးကုတင်ပေါ်ခြေပစ်လက်ပစ်နဲ့ အနားယူနေတုန်း စိုးသိန်းက အခန်းထဲကို ဖုန်းကိုင်လျက် ဝုန်းဒိုးကြဲကာ ရောက်လာသည်။ ပုံစံက တစ်ခုခုအရေးကြီးနေတဲ့ပုံဖြစ်တာကြောင့် မဟာလဲ လှဲနေရာကနေထပြီး စိုးသိန်းကို မေးရသည်။

'ရဲသူလေ . ရဲသူ . အဲ့ကောင်သေပြီတဲ့ . ငါချီးတဲ့မှ စောက်ပြဿနာပဲ'

'ဘာ ! ဘယ်လိုဖြစ်တာလဲ စိုးသိန်း'

'အေး ငါလဲမသိဘူး . အစောင့်က ညစာသွားပို့တော့ အဲ့ကောင်က အခန်းထဲမှာ ဆွဲကြိုးချရက်သေနေတယ်တဲ့'

'ဆွဲကြိုးချသေရအောင် အဲ့ကောင်က ဘယ်ကကြိုးရတာလဲ !!!'

ဖြစ်တဲ့ကိစ္စက စိုးသိန်းနဲ့ မဆိုင်မှန်းသိပေမယ့် မဟာ စိတ်တိုတိုနဲ့ စိုးသိန်းကိုအော်မေးမိသည်။ ရုံမတင်ရသေးတာကြောင့် မဟာတို့စခန်းမှာပဲရှိနေသေးတဲ့ ရဲသူက ဘယ်ကရတဲ့ကြိုးနဲ့ သတ်သေသွားသည်လဲ မသိတာကြောင့် မဟာစဉ်းစားရကြပ်သွားသည်။

'ဘယ်လို ဘယ်ပုံဖြစ်လဲဆိုတာ စခန်းသွားမှသိမှာပေါ့ဟ . ငါ့ကို ဂျူတီသမားဖုန်းဆက်တာ ရဲသူဆွဲကြိုးချသေတယ်ဆိုတာပဲ ပြောသွားတာ'

'လိ့တဲ့မှကွာ . လာကွာ သွားမယ် အဲ့တာဆိုလဲ . လင်းသွေးမြတ်ကို ငါတို့ စခန်းကိုပြန်သွားမယ့်အကြောင်းပြောခဲ့ဦး'

'အေး အေး'

စိုးသိန်း အခန်းထဲကထွက်သွားတော့ မယာစိတ်ရှုပ်ရှုပ်နဲ့ဆံပင်တွေကို ထိုးဖွပစ်သည်။ မလုပ်လို့မဖြစ်တဲ့ တာဝန်တွေကြား အနားယူချိန်တွေကလဲ ပျောက်ကွယ်သည်။ ကိုယ်တိုင်ရွေးချယ်ထားတဲ့အလုပ်ဖြစ်တာကြောင့်လဲ ဘယ်သူ့ကိုမှအပြစ်တင်နေလို့မရ။ စခန်းကို ပြန်သွားရမှာဖြစ်ပြီး တာဝန်ချိန်မဟုတ်တာကြောင့် ယူနီဖောင်းဝတ်မနေတော့ပဲ အပြင်အဝတ်အစားတစ်စုံကိုသာ သပ်သပ်ရပ်ရပ်လဲဝတ်လိုက်တော့သည်။ မဟာ အခန်းထဲကထွက်လာတော့ စိုးသိန်းဘေးနားမှာ လင်းသွေးမြတ်က မျက်နှာအပျက်ပျက်နှင့် ရပ်နေသည်။

Unconditionally [Completed]Where stories live. Discover now