Part 27

5.8K 729 81
                                    

[Zawgyi]

🎼🎼 Country roads, take me home ... To the place I belong ... West Virginia, mountain mama ... Take me home, country roads ... 🎼🎼

လင်းသွေးရဲ့ အိမ်အပြန်လမ်းလေးကတော့ ကားပေါ်မှာ ကိုစိုးသိန်းဖွင့်ထားတဲ့ သဇင် FM ရေဒီယိုလေးကနေ Take me home,country road ဆိုတဲ့ သီချင်းလေးက ပျံ့လွင့်နေသည်။ အိမ်အပြန်လမ်းအတွက် တကယ်ကို လိုက်ဖက်နေတဲ့သီချင်းလေးက နားထောင်ရင်းနဲ့ ပတ်ဝန်းကျင်ကို ငေးမောချင်စရာလေး။ တောင်ပြာတန်းတွေ တစ်ထပ်ပြီးတစ်ထပ်ကို ဖြတ်ကျော်ကာ တရွေ့ရွေ့နဲ့ နွေးထွေးတဲ့အိမ်ကို ပြန်နေတဲ့ အိမ်ပြန်လမ်းလေးမှာ။ အိမ်လို့ တွေးလိုက်မိတာနဲ့တင် အမေ့အိမ်မဟုတ်ပေမယ့် နှလုံးသားက သတ်မှတ်ထားတဲ့ အိမ်လေးဆီ ပြန်နေတာမလို့ စိတ်နှလုံးက နွေးထွေးရသည်။

🎼🎼 All my memories gather 'round her ... Miner's lady, stranger to blue water ... Dark and dusty, painted on the sky ... Misty taste of moonshine, teardrop in my eye ...

Country roads, take me home ... To the place I belong ... West Virginia, mountain mama ... Take me home, country roads ... 🎼🎼

မှတ်ဉာဏ်တွေ သိမ်းဆည်းထားတဲ့ အိမ်လေး။ ကောင်းတဲ့မှတ်ဉာဏ်လေးတွေ လှလှပပမှတ်ဉာဏ်လေးတွေကနေ အဆိုးရွားဆုံးမှတ်ဉာဏ်တွေအထိ ထွေများစုံပြားပေမယ့် အိမ်ပြန်ချိန် အိမ်ပြန်လမ်းလေးကတော့ သာယာပါတယ်။ မြို့ထဲကို မဟာထူးမြတ်တို့ရဲ့ ဂျစ်ကားလေးက ဝင်လာတော့ ကုန်းပြင်မြင့်ထက်က ကျောက်တောင်ဘုရားကို လှမ်းပြီးဖူးတွေ့ရသည်။ နှစ်ချီပြီး အိမ်ပြန်မရောက်လာသည့်တိုင် အေးအေးချမ်းချမ်းရှိလှတဲ့ မွေးရပ်မြေမြို့ငယ်လေးကတော့ ဘာမှမပြောင်းလဲ။

ဇီးပင်ကြီးကနေ မနက်အစောပိုင်းထွက်လာခဲ့တာမလို့ မေမြို့ကို ရောက်တော့ အချိန်က မနက် ၁၀ နာရီထိုးနေပြီဖြစ်သည်။ နေမြင့်နေပြီဖြစ်ပေမယ့် ဆောင်းဝင်နေပြီမလို့ မေမြို့မှာ လေအေးတွေကတော့ တဖြူးဖြူးတိုက်နေသည်။ နေကြာရိုင်းတွေလဲ ပွင့်ချိန်ရောက်နေပြီမလို့ ဘေးဘယ်ညာလမ်းတစ်ဖက်မှာ အစိမ်းရောင်အပင်တွေကြား ပန်းပွင့်ဝါဝါလေးတွေက ထိုးထွက်နေပြီး လေအေးနဲ့အတူပါလာတဲ့ နေကြာရိုင်းအနံ့လေးကလဲ အရိုင်းဆန်သေးသည်။

Unconditionally [Completed]Where stories live. Discover now