Part 11

6.7K 819 92
                                    

[Zawgyi]

ဒုန်းးးး ... ဝုန်းးးး

ဝါကျင့်ကျင့် မီးလုံးငယ်တစ်လုံးသာ ထွန်းထားသည့် မှိန်ပျပျ အခန်းကျဉ်းကျဉ်းလေးထဲက ပြိုလဲသံတွေ။

'အား ... အဲ့ကောင်တွေ အခု ကျွန်တော့်ကို ဖမ်းမိတော့မှာ . ကျွန်တော့်ကို . ကျွန်တော်သတ်ချင်လို့ သတ်တာမဟုတ်ဘူး'

'ရဲသူ ! မင်းစိတ်ကို ထိန်းဖို့ ငါပြောနေတယ်လေ . အခုချက်ချင်းရပ်လိုက် !!!'

သွေးပျက်စွာ တောင်စဉ်ရေမရပြောနေသည့် ရဲသူရဲ့ စကားသံကျယ်ကျယ်တွေနောက်မှာ ထွက်ပေါ်လာသည့် ဒေါ်ရည်မွန်ရဲ့ ဟန့်တားသံ။

'ခင်ဗျားကြောင့် လုပ်ခဲ့ရတာ . ကျွန်တော်မလုပ်ချင်ပဲ လုပ်ခဲ့ရတာ . ကျွန်တော့ကို စောင့်ရှောက်ခဲ့တဲ့ ဆရာကို သတ်ခဲ့ရတာ ခင်ဗျားကြောင့်လေ'

'ဒါပေမယ့် သတ်ခဲ့တာက သတ်ခဲ့တာပဲလေ . အခု အဲ့တာကို မေ့ထားလို့မရဘူးလား . မင်းဆိုတာကို ရိပ်မိနေရင်တောင် မင်းဘယ်နေရာမှာ ရှိနေလဲ သူတို့လုံးဝသိမှာမဟုတ်ဘူး'

'ဟင့်အင်း . ဒီနေရာမှာလဲ မနေချင်ဘူး . ဆရာက ကျွန်တော့်ကို လာလာခေါ်နေတာ . အားးး . ဆရာ့ကို ကျွန်တော်မသတ်ဘူး ... ဆရာက မယုံဘူးသိလား . ဟားး ဘယ်ယုံမလဲ . ကျွန်တော် သတ်မိတာလေ . ဟားဟား ဟား ...'

'ရဲသူ ! ရဲသူ ဒီကိုကြည့် . မ ကိုကြည့်လေ . ချစ်တယ်ဆို . မ ကိုချစ်တယ်ဆို . စိတ်ထိန်းနော် ရဲသူ . ဒီကိုကြည့် . မ မျက်နှာကိုကြည့်'

တွန်းလွှဲရုန်းကန်နေသည့် ရဲသူရဲ့ မျက်နှာကို ဒေါ်ရည်မွန်က လှမ်းဆွဲထိန်းရင်း မျက်လုံးချင်းဆုံကြည့်ကာ လေပြေနှင့် ချော့ပြောသည်။ ဒေါ်ရည်မွန်ရဲ့ ခပ်အေးအေး စကားသံတွေ အဆုံးမှာ တွန်းထိုးပေါက်ကွဲနေသည့် ရဲသူက မီးကို ရေနှင့်ငြိမ်းလိုက်သလို ငြိမ်ကျသွားသည်။

'အင်း ချစ်တယ် . ချစ်တယ် . သိပ်ချစ်တာ'

'သတ္တရှိရှိနေရမယ် ကြားလား မောင် ~ အချိန်တန်ရင် သူတို့ကလေ ရပ်တန့်သွားလိမ့်မယ်'

ဘာတွေဘယ်လိုဖြစ်ကုန်မှန်း ဘေးလူက နားမလည်နိုင်လျှင်တောင် လူမှုအသိုင်းအဝိုင်းနဲ့ ဆန့်ကျင်စွာ ဖောက်လွဲဖောက်ပြန် ပြုမူနေကြသည့် လူသားနှစ်ဦးကတော့ သူတို့ကိုယ်တိုင်ကိုယ်ကျ လုပ်ရပ်ကို နားလည်ပါလိမ့်မည်။

Unconditionally [Completed]Tempat cerita menjadi hidup. Temukan sekarang