Part 2

11.5K 1.1K 18
                                    

[Zawgyi]

" မေမေ !!! "

ခြံဝဆီကနေ အိမ်ထဲကို အမောတကောပြေးဝင်လာတော့ ဧည့်ခန်းထဲမှာ ညှိုးညှိုးနွမ်းနွမ်းထိုင်နေသည့် မိခင်ဖြစ်သူကို တွေ့လိုက်ရသည်။ လင်းသွေးမြတ်တစ်ယောက် တစ်လျှောက်လုံး ထိန်းလာတဲ့စိတ်တွေကို လွှတ်ချကာ မိခင်ဖြစ်သူရဲ့ ရင်ခွင်ထဲ ပြေးဝင်မိသည်။

" ဖေကြီးက . ဖေကြီးက ဘယ်လိုဖြစ်ရတာလဲဟင် မေမေ ... ဒီတိုင်း အလုပ်ကိစ္စနဲ့ ခရီးသွားနေတာမလို့ အရမ်းအလုပ်များတော့ ဆက်သွယ်ဖို့လဲ မေ့နေတာနေမှာပါ "

" ရက်ကကြာနေပြီလေ သားရယ် "

" စိတ်ပူစရာမရှိတာကို မေမေကလည်း ... ဖေကြီးက ကလေးလည်း မဟုတ်ဘူး "

မိခင်ဖြစ်သူကို ဖက်တွယ်ထားရင်း မိခင်ကို နှစ်သိမ့်စေနိုင်မယ့် စကားတွေကိုသာ လင်းသွေးမြတ်က ရွေးပြောသည်။ ဖခင်တစ်ယောက်လုံး ရက်ကြာကြာ အဆက်အသွယ်မရပဲ ပျောက်နေတာ ကိုယ်တိုင်လည်းစိတ်ပူပေမယ့် တစ်ဦးတည်းသောသားဖြစ်တဲ့ လင်းသွေးကိုယ်တိုင်က မေမေ့ရှေ့မှာ ပျော့ညံ့နေလို့မဖြစ်ပေ။

" ပိန်သွားလိုက်တာ မေမေရာ ... အပေါ်ထပ်မှာ သွားနားဦးနော် ... သား အခန်းထဲမှာ အိတ်တွေထားခဲ့ပြီးရင် လာခဲ့မယ် "

" အင်း သားငယ် "

" ဒါနဲ့ မေမေ ... အိမ်ထဲကဘာအနံ့လဲ . လှောင်ပိတ်နေတာပဲ ... မွှန်တာကိုပြောတာ . ဘာတွေမီးရှို့ထားတာလဲ "

" အော် . အဲ့တာက အခုရက်ပိုင်းလေ မိုးက ခပ်ဖြောက်ဖြောက်ကျနေတတ်တော့ ခြံထဲက အပင်တွေ အုပ်နေတာနဲ့တင် ခြင်တွေ၊ ယင်တွေ ပေါတယ်လေ ... အဲ့တာကြောင့် နနွင်းခဲကို မီးရှို့ထားတာ ... ဘာလို့လဲ ... သားငယ် အနံ့မခံနိုင်လို့လား ... မေမေငြှိမ်းလိုက်မယ်လေ "

" မဟုတ်ပါဘူး မေမေ . အင်း ... ဒီအနံ့က ရနေကျမဟုတ်တော့ နှာခေါင်းထဲ တစ်မျိုးဖြစ်နေလို့ပါ "

လင်းသွေးမြတ်က အဝေးမှာ တက္ကသိုလ်တက်နေရတာ ကြာပြီဖြစ်ပြီး အိမ်ပြန်မလာဖြစ်တာကြောင့် မိခင်ဖြစ်သူပြောသည့် နနွင်းမီးရှို့ထားတဲ့အနံ့ကို ဆက်ပြီး ခေါင်းထဲမထည့်ဖြစ်တော့ပါ။ အရင်အိမ်မှာနေကတည်း မိုးရာသီဆို ခြင်၊ ယင် ပေါများတတ်တာကြောင့်လည်း နနွင်းကို မီးရှို့နေကျမလို့ အထူးတလည် မဟုတ်ပေ။

Unconditionally [Completed]Where stories live. Discover now