Part 12

6.2K 813 25
                                    

[Zawgyi]

၂၀၂၀ ၊ ဇွန်လ ၂၅ ရက် ၊ ကြာသပတေးနေ့

ဦးမြတ်ကျော်ခေါင် မသေဆုံးခင် ...

'အကို . ညီမကို အသုံးစရိတ်လေး နည်းနည်းလောက် ထပ်ထုတ်ပေးပါလား . ညီမ စိန်ထည်လေးတွေ ဝယ်ချင်လို့ပါ´

'ဟိုတစ်နေ့ကလေးတင် အကိုထုတ်ပေးလိုက်တယ်လေ ရည်မွန် . ဘယ်ရောက်ကုန်လို့လဲ´

'ဟို . အဲ့တာနဲ့ အခုညီမလိုချင်နေတဲ့ စိန်ထည်နဲ့က ငွေမလောက်ဘူးဖြစ်နေလို့ပါ´

'အော် ...´

ဦးမြတ်ကျော်ခေါင်တစ်ယောက် စိတ်ပျက်စွာနဲ့ပဲ သက်ပြင်းချကာ ခေါင်းရမ်းမိသည်။ လွန်ခဲ့တဲ့ အချိန်တစ်ပတ်လောက်တောင် မပြည့်သေးတဲ့ရက်ကမှ ငွေကို အထပ်လိုက် ထုတ်ပေးထားခဲ့တာ အခုတော့ ထပ်တောင်းနေလေသည်။

'ညီမလဲ လိုချင်နေလို့ တောင်းတာပါ အကို . မဟုတ်ရင် ညီမလဲ မတောင်းချင်ပါဘူး . အကိုက ညီမကိုဆို အစွန်အဖျားတောင် မသထာတာသိပါတယ်´

'အင်းပေါ့ . ခုတော့လဲ မင်းအပြောပဲပေါ့ . ဘာတဲ့ အစွန်အဖျားလောက် မသထာတာဘူးဆိုတာ . မင်းဘာတွေလုပ်နေတယ်ဆိုတာ မင်းကိုယ်မင်း သိမှာပါ ရည်မွန် . မင်းကို ငါ့စည်းစိမ်ထဲကနေ ပေါပေါလောလောပေးနေတယ်ဆိုတာ မင်းက ငါ့ဇနီးနေရာမှာ ရှိနေလို့ပဲ . အမှန်ဆို မင်းကို မပေးချင်ရင်တောင် ရတယ်လေ´

'လင်းသွေးအတွက် ပိုင်ဆိုင်သမျှ ပစ္စည်းတွေကို သီးသန့်စာချုပ်လုပ်ထားတာ ညီမ မသိဘူးထင်နေလို့လား အကို . အကိုပြောကြေးဆို ညီမက အကို့ရဲ့ တရားဝင်ဇနီးနေရာမှာ ရှိနေတာလေ . ညီမအတွက်ကရော . ဘာသွေးသားမှ မတော်တဲ့ သားအတွက်ကျတော့ အစွန်ဖျားပါမချန် ပေးတယ်ပေါ့လေ´

'လင်းသွေးလေးက ငါ့ရဲ့ သွေးမတော်သားမစပ်ဖြစ်နေတယ်ဆိုရင်တောင် ငါ့ရဲ့ အမွေစားအမွေခံသားပဲ . မင်းဘာသာမင်း လောဘတက်လာတဲ့ ကိစ္စတွေ သားငယ်ကို လွှဲမချနဲ့ ရည်မွန် . မင်းနဲ့ ရဲသူက ဘာတွေဆိုတာကို ငါမသိဘူးထင်နေလို့လား . ငါ့အလုပ်တွေကို အကြောင်းပြပြီး မင်းငါနဲ့ဝေးဝေးနေတာရော ငါက မရိပ်မိဘူးထင်လား ရည်မွန်´

Unconditionally [Completed]Where stories live. Discover now