Part 26

5.7K 698 30
                                    

[Zawgyi]

ပြောင်လက်နေတဲ့ ကတ္တီပါအနက်ရောင်လေးပေါ်မှာ အပွင့်တစ်ပွင့်စီ တပ်ထားတဲ့ ပုခုံးထောက်ကလေးနှစ်ခုကို လင်းသွေးက မဟာထူးမြတ်ဆီ ကမ်းပေးလာသည်။ လင်းသွေးကို ကြည့်လိုက်တော့ မျက်လုံးလေးတွေ ပျောက်သည်အထိ မဟာ့ကို ရယ်ပြနေသည်။ ဘေးဘီကို ဝဲကြည့်တော့လဲ တစ်ခြားဒုရဲအုပ်သင်တန်းဆင်းလေးတွေကို မိဘတွေက ပုခုံးပေါ်မှာ ထောက်ကလေးတွေ တပ်ပေးနေတာကို တွေ့ရသည်။ ငေးနေတုန်း မဟာ့ရဲ့ ညာဘက်ပုခုံးကို အတိုက်ခံလိုက်ရတာကြောင့် ကြည့်လိုက်တော့ စိုးသိန်းက မျက်ခုံးပင့်ပြကာ လုပ်ပေးလိုက်လေဆိုတဲ့ ပုံစံနဲ့ ကြည့်နေသည်။ မဟာလဲ လင်းသွေးလက်ထဲက ထောက်ကလေးနှစ်ခုကိုယူပြီး စိုးသိန်းလက်ထဲကို တစ်ခုထည့်ပေးလိုက်သည်။ လင်းသွေးကတော့ ပြုံးပျော်နေတာများ ပါးစပ်က နားရွက်ကို တပ်ချိတ်တော့မယ့် အနေအထား။

'ဒီလိုကျတော့ ဦးမဟာနဲ့ ကိုစိုးသိန်းက ကျွန်တော့်ရဲ့ အဖေနဲ့ အမေလိုပဲ . ဟီးဟီး ~ တော်သေးတာပေါ့ သူများတွေလို ကျွန်တော့်ကို ပုခုံးထောက်တင်ပေးမယ့်သူတော့ရှိလို့'

'အပိုမပြောစမ်းနဲ့ လင်းသွေးရာ . မင်းမှာ ထောက်တပ်ပေးဖို့ ငါတို့ရှိနေတာကို'

'သိပါတယ် ကိုစိုးသိန်းရ . ပျော်လဲအရမ်းပျော်နေပြီ . သင်တန်းလဲဆင်းပြီဆိုတော့'

သူများသင်တန်းသားတွေလို ပုခုံးပေါ်မှာ ထောက်တပ်ပေးမယ့် မိဘမရှိတာကို အရမ်းစိတ်ထဲထားနေပုံမရပဲ မဟာနဲ့ စိုးသိန်းက ဘယ်ညာတစ်ဖက်စီနေရာယူရင်း ပုခုံးထောက်တင်ပေးနေတာကိုပဲ လင်းသွေးက ပျော်နေပုံရသည်။ တိုကပ်နေတဲ့ဆံပင်တွေနဲ့ နံပြားဦးထုပ်လေးဆောင်းထားတဲ့ လင်းသွေးက မျက်နှာလေး ကြည်ရှင်းနေတာကြောင့် မဟာရော စိုးသိန်းရော စိတ်သက်သာရာရသည်။ ထောက်တင်လို့ပြီးတော့ ပုခုံးပေါ်မှာ အပွင့်လေးနဲ့ လင်းသွေးက ယူနီဖောင်းလေးနဲ့ လိုက်ဖက်သည်။ လေ့ကျင့်ရေးတွေကြောင့် အသားအရည်က ညိုသွားပေမယ့် ညစ်သွားတာမျိုးမဟုတ်ပဲ ညိုပြီးကြည်နေသည်။

'အမှတ်တရဓာတ်ပုံရိုက်ရအောင်လေ ဦးမဟာ'

'အင်း . စိုးသိန်းရေ . ဓာတ်ပုံရိုက်ပေးဖို့ ဆရာကြီးတစ်ယောက်ကို အကူအညီတောင်းပေးဦး'

Unconditionally [Completed]Where stories live. Discover now