Part 7

7.1K 880 44
                                    

[Zawgyi]

Oh no, did I get too close ... Oh? Oh, did I almost see what's really on the inside? ... All your insecurities ... All the dirty laundry ... Never made me blink one time ...

ရက်သတ္တပတ်တစ်ခု၏ ဒုတိယမြောက်ပိတ်ရက်ဖြစ်သည့် တနင်္ဂနွနေ့မှာ လင်းသွေးအပြင်မသွားဖြစ်တာကြောင့် ခြံထဲဆင်းပြီး လမ်းလျှောက်နေတုန်း နှုတ်ဖျားကနေ Katy Perry ရဲ့ သီချင်းတစ်ပုဒ်ကို ခပ်တိုးတိုးသီဆိုမိသည်။

Unconditional, Unconditionally ... I will love you unconditionally ... There is no fear now ... Let go and just be free ... I will love you U Unconditionally

လူတစ်ယောက်ကို အနှိုင်းမဲ့ပြီး အကြောင်းပြချက်မရှိ အကြွင်းမဲ့ချစ်မြတ်နိုးတာမျိုး။ ခံစားဖူးကြလား။ လင်းသွေးကတော့ ခံစားဖူးသည်။ အခုမှစပြီး ခံစားမိသည်လို့သာ ပြောရမည်။ အကြာင်းပြချက်မရှိပဲနဲ့ကို မြတ်နိုးမိသွားတဲ့ လူသားအကြောင်းတွေးမိတာနဲ့တင် စိတ်နှလုံးက ငြိမ်းအေးသည်။ မဟာထူးမြတ်ဆိုသည့် လူသားက ညကြီးမင်းကြီး လင်းသွေးတို့အိမ်ကို ခိုးဝင်ပြီး ပြန်သွားကတည်းက လင်းသွေးတို့ပြန်မတွေ့ဖြစ်သေး။

ပြတ်ပြတ်သားသား စကားပြောတတ်သလို ပြောရင်ပြောသလို လုပ်ပုံပေါ်သည့် ထိုလူသားက ဖေကြီးရဲ့ပျောက်နေသည့် ကိစ္စအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းပေးနေပုံရသည်။ အခုချိန်ထိတောင် ဖခင်ရဲ့သတင်းက ဘာမှမကြားရအောင်ပင် စုံးစုံးပါမြုပ်နေပြီ။ အလုပ်ကိစ္စအတွက်ခရီးထွက်မယ်ဆိုရင်တောင် ဘယ်ကိုခရီးထွက်မယ်ဆိုတာလည်း မပြောသွားခဲ့တာမလို့ လုပ်ငန်းတွေရှိသည့်မြို့တွေကို စုံစမ်တော့လည်း သတင်းမကြားရ။ စုံစမ်းလို့မရနှင့်။

တီ တီ ... တီ ...

အိမ်ရှေ့က ခြံဝင်းကျယ်ကျယ်မှာ လမ်းပတ်လျှောက်ရင်း အတွေးထဲနစ်နေတုန်း လင်းသွေးကြားလိုက်ရသည့်အသံက ခြံဝဆီမှကားဟွန်းသံဖြစ်သည်။ ခြံဝမှာရပ်နေသည့်ကားက တစ်ချိန်လုံးမျှော်နေသူရဲ့ ဂျစ်ကားဖြစ်တာကြောင့် လင်းသွေး ခြံဝဆီ အပြေးသွားကာ ခြံတံခါးကို ဖွင့်ပေးလိုက်သည်။ ခြံတံခါးဖွင့်ပေးပြီးတော့လည်း ကားက ခြံထဲကို မောင်းဝင်လာတာမျိုးမဟုတ်ပဲ စက်သပ်ကာ ကားပေါ်က လင်းသွေးမျှော်နေသူဆင်းလာသည်။ စတိုင်လ်ပန်အနက်နှင့် ရှပ်အင်္ကျီရိုးရိုးသာဝတ်ဆင်ထားသည့်လူကြီးက ပိတ်ရက်ဖြစ်တာကြောင့် ပေါ့ပေါ့ပါးပါးဝတ်ထားပုံရသည်။ ဘာဝတ်ဝတ် ခြောက်ပေနီးပါးအရပ်နှင့် လိုက်ဖက်စွာ ကြည့်ကောင်းနေသည့်လူကြီးက အသက် သုံးဆယ့်သုံးနှစ်လို့ပင် ထင်ရက်စရာမရှိ။

Unconditionally [Completed]Onde as histórias ganham vida. Descobre agora