Part 9

6.5K 825 37
                                    

[Zawgyi]

'ဒီအပင်ကြီးတွေ ရှိနေတော့ မိုးရွာရွာ နေပူပူ တစ်ချိန်လုံး မှိုင်းညို့ညို့ကြီး ဖြစ်နေမှာ . ခြင်ကလဲ ကိုက်ဦးမယ် . ခုမိုးတွင်းက ပိုဆိုးမယ်'

'အင်း ခြင်ကတော့ ပေါတယ် . အိမ်ထဲမှာ ခြင်ပြေးအောင် နနွင်းခဲကို မီးရှို့ထားတဲ့ အနံ့က အမြဲရနေတာသာ ကြည့်တော့လေ . အဲ့အနံ့ကြောင့် ခြင်တော့ မကိုက်ဘူးရယ်'

'အင်း'

မဟာထူးမြတ်က သားရေပတ်စာအုပ်လေးကို လက်တစ်ဖက်ကကိုင်ကာ နောက်လက်တစ်ဖက်ကို ဂျာကင်အင်္ကျီရဲ့ အိတ်ကပ်ထဲမှာ ထည့်ထားရင်း သော်ကမြိုင် စံအိမ်ရဲ့ ခြံဝင်းထဲက နှစ်ရှည်ပင်ကြီးတွေအောက် ရပ်ရင်း ဘေးဘယ်ညာ ပတ်ကြည့်ကာ ပြောသည်။ လင်းသွေးကလဲ ဘေးကနေ မဟာထူးမြတ်နဲ့ အတူလိုက်လာတာမလို့ မဟာထူးမြတ်ပြောသမျှကို အလိုက်သင့်ပြန်ဖြေသည်။

'ဒါနဲ့ မေးချင်တာ တစ်ခုရှိတယ် . ငါမေးချင်တာကလေ မင်းအဖေနဲ့ မင်းအမေ တစ်ခါတစ်လေကျရင် ကတောက်ကဆ ဖြစ်တတ်တာမျိုးတွေ ရှိလား . ရန်ဖြစ်ပြီး မင်းအဖေအိမ်ကနေ ထွက်သွားတာမျိုး'

'အင်းးး . မရှိပါဘူး . ဖေကြီးနဲ့ မေမေက ကျွန်တော် ငယ်ငယ်ကတည်းက အရမ်းချစ်ကြတယ် . နွေးနွေးထွေးထွေးလဲ ရှိတယ် . မန္တလေးကို ကျောင်းသွားမတက်ခင် အချိန်ထိကို နေ့လည်တိုင်းမဟုတ်ရင်တောင် ညတိုင်းမှာ မိသားစု ထမင်းဝိုင်းလေးရှိတယ်'

လင်းသွေးရဲ့ စကားအဆုံးမှာတော့ သိသိသာသာ မျက်နှာပျက်သွားသည့် မဟာထူးမြတ်။ ချစ်နေရသူဖြစ်တာကြောင့် စက္ကန့်နဲ့မလပ် မျက်နှာတော်ကို မော်ဖူးနေတဲ့ လင်းသွေးအတွက်ကတော့ ပြောင်းလဲသွားသည့် မဟာ့ရဲ့ မျက်နှာ အရိပ်အကဲက သိသာလွန်းလှသည်။

'ခင်ဗျား ဘာဖြစ်တာလဲ'

'ဟင် . ဘာဖြစ်လို့လဲ'

'ကျွန်တော့ စကားထဲမှာ ခင်ဗျား စိတ်အနှောက်အယှက်ဖြစ်စရာပါနေလို့လား . စိတ်အနှောက်အယှက်ဖြစ်ရအောင်လဲ ခင်ဗျားကို ကျွန်တော် ချစ်တယ် လို့မပြောရသေးဘူးလေ'

'မင်း ! လင်းသွေးမြတ် !'

'အားးး ကျွန်တော် ခင်ဗျားအနားလေးတင် ရှိတယ်လေဗျာ . အရမ်းမအော်ပါနဲ့'

Unconditionally [Completed]Where stories live. Discover now