Part 17

6.2K 797 17
                                    

[Zawgyi]

'မနက် ၁၀ နာရီတောင် ရှိနေပြီ လင်းသွေးမြတ် . မင်းတစ်ခုခုသွားစားပါလား . နဂိုကတည်းက အားနည်းနေတော့ အစာမရှိလို့ မဖြစ်ဘူး . အပြင်သွားပြီး ဖက်ထုပ်လေးဘာလေး သွားစား'

'ဟင့်အင်း . ဦးမဟာ သတိမရလာသေးလို့ . ကျွန်တော်မဆာသေးပါဘူး'

'သွားစမ်းပါ . လူကယဲ့ယဲ့ပဲ ကျန်တော့တာကို . မဟာ့ကို ငါစောင့်နေလိုက်မယ် . သူ့ကို စောင့်ရင်းနဲ့ မင်းအစာမစားတာ သိရင် စိတ်မကောင်းဖြစ်နေမယ် . သူက မင်းကို ခပ်ခွာခွာနေပေမယ့် သူ့စိတ်ထဲတော့ သံယောဇဉ်ရှိပါတယ်'

ကိုစိုးသိန်း စကားကြောင့် လင်းသွေးပြုံးလိုက်မိသည်။ ဦးမဟာကလဲ မိမိအပေါ် သံယောဇဉ်ရှိသည်တဲ့လား။ စတွေ့ကတည်းက လင်းသွေးကပဲ လိုက်တွယ်ကပ်ခဲ့ရပြီး မဟာက လင်းသွေးကို အမြဲလိုလို ခပ်တန်းတန်းပဲ ဆက်ခံခဲ့တာ။ ဦးမဟာဆီက တိုက်ရိုက်မဟုတ်ပဲ ကိုစိုးသိန်းဆီကနေတစ်ဆင့် သံယောဇဉ်တွယ်တယ်ဆိုတဲ့ စကားလေးကြားရတာနဲ့တင် လင်းသွေး ရင်ထဲနွေးသွားသည်။

'အင်းး ကိုစိုးသိန်းပြောသလိုပဲ ဦးမဟာက ကျွန်တော့်ကို သံယောဇဉ်တော့ ရှိမှာပါနော် . ကျွန်တော့်ကို တွေ့ရတိုင်း စိတ်အနှောက်အယှက်ပေးတဲ့သူလို့ ဦးမဟာ သတ်မှတ်ထားလဲ ဒီလိုသတ်မှတ်တာကိုက စိတ်ထဲရှိနေလို့မလား . ဟုတ်တယ်မလား'

'ဒါပေါ့ . အဲ့တာကြောင့် သူစိတ်မကောင်းမဖြစ်အောင် အားဖြစ်မယ့် ဖက်ထုပ်လေးဖြစ်ဖြစ် သွားစားလို့ပြောတာ . အဆောင်ရဲ့အပြင်မှာ ငါ့ရဲ့ 125 အနီလေး ရပ်ထားတယ် . အဲ့တာယူပြီး သွားစားလိုက် . ဒါနဲ့ ပိုက်ဆံရောပါရဲ့လား'

လင်းသွေး ခေါင်းရမ်းကာ ကိုစိုးသိန်းကို မပြီမပြင်အပြုံးသာ ပြုံးပြလိုက်သည်။ အပျော်သဘောနဲ့ ဆေးရုံကို ရောက်လာတာမှမဟုတ်ပဲလေ။ ဘယ်လိုမှလင်းသွေးဆီမှာ ပိုက်ဆံပါလာနိုင်စရာအကြောင်းမရှိ။ ကိုစိုးသိန်းကလဲ သူနားလည်တယ်ဆိုတဲ့ သဘောနဲ့ ရင်ဘတ်အိတ်ထဲက တစ်သောင်းတန်သုံးရွက်နဲ့ ဆိုင်ကယ်သော့ကို ထုတ်ကာ လင်းသွေးဆီ ကမ်းပေးလာသည်။

'သွားတော့ အားရှိအောင် သွားစား . ဗိုက်ပြည့်အောင်လဲ စားခဲ့'

Unconditionally [Completed]Where stories live. Discover now