Part 40

4.5K 547 70
                                    

[Zawgyi]

မီးလုံးဝါဝါလေးသာ ထွန်းထားတဲ့ အမှုစစ်ခန်းထဲမှာ မဟာထူးမြတ်နဲ့ လင်းသွေးမြတ်ရှိနေသည်။ မဟာကတော့ အမှုစစ်မေးဖို့ စားပွဲခုံမှာထိုင်နေပေမယ့် လင်းသွေးကတော့ အခန်းထောင့်က မှောင်ရိပ်ကျနေတဲ့ နေရာလေးမှာ ထိုင်နေသည်။ မဟာထူးမြတ်ရဲ့ မျက်နှာချင်းဆိုင်မှာတော့ မင်းခန့်အောင်နဲ့ ဟိန်းဆက်ကရှိနေသည်။ စိုးသိန်းနဲ့ ဇေယျာခန့်ကတော့ အမှုစစ်ခန်းရဲ့အပြင်ဘက်မှာ။ အလုံပိတ်ခန်းဖြစ်တာကြောင့် အပြင်ကနေ အသံမကြားရပဲ မိုက်ခရိုဖုန်းကနေတစ်ဆင့်သာ စိုးသိန်းနဲ့ ဇေယျာခန့်က နားစွင့်နေကြသည်။

"အင်ကြင်းဆိုတဲ့ မိန်းကလေးကို မင်းတို့သိလား"

"ဟမ်"

မဟာက ခပ်အေးအေးလေသံနဲ့ စကားစလိုက်တော့ မျက်လုံးအဝိုင်းသားနဲ့ ဟိန်းဆက်က ခေါင်းထောင်လာပြီး မဟာထူးမြတ်ကို ကြောင်တောင်တောင်ကြည့်လာသည်။ မင်းခန့်အောင်ကတော့ တုတ်တုတ်တောင်မလှုပ်ပဲ ခေါင်းကို ငုံ့ထားတုန်း။

"မင်းတို့လူမဆန်ပဲ အဓမ္မကျင့်ခဲ့လို့ သေသွားတဲ့ကောင်မလေးရဲ့ နာမည်က အင်ကြင်းလို့ခေါ်တယ် ... နေပါဦး ... မင်းတို့ မှတ်မိလားလို့ပဲ အရင်မေးချင်တယ်"

"ကျွန်တော် ... ကျွန်တော်"

"မေးနေတာ နှစ်ယောက်လုံးကို မေးနေတာ ... ဖြေလေ အခုချက်ချင်း ... ဝန်ခံ !!!"

"ကျွန်တော် မှတ်မိတယ် ... သိတယ် ... ကျွန်တော်သိတယ်"

မဟာက လေသံမာလိုက်မှသာ အစကတည်းက မဟာထူးမြတ်ကို ကြောက်နေပုံရတဲ့ ဟိန်းဆက်က တုန်တုန်ရီရီနဲ့ စဖြေလာသည်။ မဟာကတော့ ပါးစပ်ပိတ်နေတဲ့ မင်းခန့်အောင်ကို ထထိုးချင်စိတ်က တဖွားဖွား။

"မင်းတို့ဆက်ပြီး အပေါက်ပိတ်နေဦးမယ်ဆိုရင် ငါ့လက်သီးက မင်းတို့စောက်ခွက်ပေါ် အချိန်မရွေးရောက်လာမယ်ဆိုတာတော့ အာမခံတယ်"

"လင်းသွေးမြတ် ~"

အခန်းထောင့်က ဘာသံမှမထွက်ပဲ ငြိမ်ငြိမ်ထိုင်နေတဲ့ လင်းသွေးငယ်ဆီကနေ အသံထွက်လာတာကြောင့် မဟာက ဟန့်တားလိုက်ရင်း ခေါင်းရမ်းပြလိုက်သည်။ အဲ့တော့မှသာ မဟာ့ရဲ့ လင်းသွေးငယ်က ငြိမ်သွားပြီး တစ်ဖက်လှည့်ကာ လက်ပိုက်ရင်း ခြေချိတ်ပြီး ထိုင်နေသည်။

Unconditionally [Completed]Waar verhalen tot leven komen. Ontdek het nu