တန်ဆောင်တိုင် special / တန်ဆောင်တိုင် special

4K 458 31
                                    

[Zawgyi]

Note_ဒီအပိုင်းလေးက ဇာတ်လမ်းနဲ့ မဆိုင်ပါဘူးနော်။ ဒီတိုင်း တန်ဆောင်တိုင်အမှတ်တရ special လေးပါ။ Enjoy my guys ~

____________

🎼ဖြူလွှလွှနှင်းမှုန်တွေကြား ... ချမ်းအေးမှုတို့နဲ့လှုပ်ရှား ... တက်ကြွလို့စုံညီ ဒီညမှာ ... မီးပုံးပျံပွဲဟာ ခမ်းနားစွာ ... ကျင်းပလို့ နွှဲပျော်ကြ ... တန်ဆောင်တိုင်ပွဲ ~~~

ပြာလဲ့လဲ့မိုးသားအောက်မှာ ... အလှဆုံးသော ညတစ်ညပါ ... တလက်လက်တောက်ပနေတဲ့ ... ကြယ်စုံခတဲ့ တို့ပွဲတော် ... လမင်းကြီးအလင်းရဲ့အောက်မှာ ... ယှဉ်တွဲလို့ကစို့ကွာ ... ဖြူစင်ရိုးသားမှုတို့ ရင်ထဲ ... အယောင်ဆောင်ကင်းတဲ့ တို့ပွဲတော် ... နွှဲပျော် ~ ကြစို့ ... ဖိတ်ခေါ် ...🎼

နိုဝင်ဘာလ နောက်ဆုံးအပတ်ရဲ့ ညချမ်းကတော့ နှင်းငွေ့ဝေဝေဆာဆာနဲ့ ချမ်းအေးလွန်းလှသည်။ တစ်နည်းအားဖြင့် ယနေ့က တန်ဆောင်တိုင် လပြည့်နေ့ည။ တန်ဆောင်တိုင်ကာလ ဖြစ်တာကြောင့် မေမြို့ရဲ့ထုံးစံအတိုင်း ပွဲလမ်းသဘက်ကတော့ တန်ဆောင်တိုင်မီးပုံးပျံပွဲတော်။ မေမြို့ရဲ့ ကျက်သရေဆောင် မဟာအံ့ထူးကံသာ ဆုတောင်းပြည့်ဘုရားရဲ့ ခြေတော်ရင်းက ကွင်းပြင်မှာ ကျင်းပပြီး တန်ဆောင်တိုင်ရဲ့ ပျော်စရာအကောင်းဆုံး ပွဲလမ်းသဘင်လေး ဖြစ်သည်။

မဟာထူးမြတ်နဲ့ လင်းသွေးတို့ကတော့ ပွဲတော်ရက်မှာ အလုပ်များလှသည်။ လပြည့်နေ့ဖြစ်တာကြောင့် အနယ်နယ်အရပ်ရပ်ကနေ မီးပုံးပျံပွဲတော်ကို လာရောက်ကြတာမလို့ ကြက်ပျံမကျစည်ကားလှသည်။ ပွဲကြည့်စင်ရဲ့ အနောက်ဖက်မှာ နေရာယူထားပြီး ပွဲတော်လာဧည့်ပရိတ်သတ်တို့ရဲ့ လုံခြုံရေးကို မဟာတို့က စောင့်ကြည့်ရသည်။

"အနွေးထည်က နွေးရဲ့လား ငယ်လေး ... အပေါ်ကနေ ထပ်ဝတ်ဦးမလား"

"ရပါတယ် ကိုကိုရာ ... မအေးပါဘူး ရတယ်"

ကွင်းပြင်ကျယ်မှာဖြစ်တာကြောင့် ဆောင်းလေအေးက တဝှေ့ဝှေ့တိုက်ခတ်တာနဲ့ပါ ပေါင်းပြီး ပုံမှန်ထက် ချမ်းအေးသည်။ ရာသီဥတုက ချမ်းအေးနေပေမယ့် တာဝန်ချိန်ဖြစ်တာကြောင့် ယူနီဖောင်းအပြည့်အစုံကိုတော့ မဟာတို့အပါအဝင် တာဝန်ရှိနေတဲ့သူတွေက ဝတ်ထားရသည်။

Unconditionally [Completed]Tempat cerita menjadi hidup. Temukan sekarang