၁၈.စိတ်ကူးထဲက အတင်းအကြပ်

5.1K 597 31
                                    

Unicode

ညီလာခံမှာ မင်္ဂလာရက်သတ်မှတ်ဖို့ နက္ခတ်စွမ်းအားပိုင်သော ပညာရှင်များက မွေးရက်ကိုတောင်းကြသည်။ဝမ်ရိပေါ်ဘေးမှာ ရှောင်ကျန့်က ထိုင်နေပြီး ရှောင်ကျန့်ရဲ့လက်ကို အုပ်မိုးကိုင်လို့ ဝမ်ရိပေါ်က နွေးထွေးခြင်းကိုပြသသည်။ဒီနတ်ဆိုးတိုင်းပြည်မှာတောင် ထိုသို့ပညာရှင်များရှိတာကြောင့် ရှောင်ကျန့်ဟာ အံ့သြမိသေး၏။

ဒါပေမဲ့ ရှောင်ကျန့်ထင်မိတာက လူ့ပြည်မှာ နက္ခတ်ပညာရှင်ဖြစ်ပြီး သေတဲ့အခါနတ်ဆိုးတိုင်းပြည်စီရောက်လာတာဖြစ်မည်။

မကြာခင်က နန်းတော်တစ်ခုလုံးအပြစ်ပေးခံထားရသော ဖြစ်ရပ်နှင့် အခုလိုကြမ်းတမ်းရက်စက်တဲ့ဘုရင်ဖြစ်သူရဲ့ ချစ်မှုအပြည့်လွှမ်းနေသော မျက်ဝန်းများအပြင် မိဖုရားပါမြှောက်မည်ဆိုတာကြောင့် ဘယ်သူမှရှောင်ကျန့်ကို မော်မကြည့်ရဲကြတော့ပါ။ပထမတော့ အပျော်အပျက်ဟုထင်ထားခဲ့သော်လည်း နတ်ဆိုးဘုရင်ကိုအချစ်မှာကျဆုံးသွားစေသည့်လူသားကောင်လေးအစွမ်းက တော်ရုံတော့မဟုတ်ပေ။

တွက်ချက်မှုအပြီးမှာတော့ အေးနေသောရာသီဥတုနှင့်ဆန့်ကျင်စွာ နက္ခတ်ပညာရှင်များ ချွေးထွက်ကြရသည်။ပြောဖို့တုံ့နှေးနေသောသူများကြောင့် ဝမ်ရိပေါ်သည်လည်း စိတ်ပူလာကာ ပြောမဲ့အကြောင်းကို သိချင်လာသည်။

"ပြောစရာရှိတာပြော "

"ဒီ..ဒီလိုပါ အရှင်..ဟို လက်ထပ်လို့မ မ မဖြစ် နိုင် ပါဘူး "

"ဘာ..!!"

ဒေါသအလွန်ထွက်သွားတဲ့ ဝမ်ရိပေါ်ဟာ အရှေ့မှ ရှောင်ကျန့်အတွက်မုန့်များချထားသော စားပွဲခုံကိုပါ ထုမိလိုက်သည်။စကားသံမထွက်တဲ့ ရှောင်ကျန့်ဟာမေး၏။

"ဘာဖြစ်လို့လဲ "

ဒါက ပညာရှင်တွေအတွက်ပိုအခက်တွေ့ရ၏။ဘယ်လိုပြောရမလဲတောင် သူတို့မသိကြတော့ပါ။

"အရှင်မင်းကြီး.. ကျွန်တော်မျိုးအနူးအညွတ်တောင်းပန်ပါတယ်.. လူသားကောင်လေးက မကြာခင်သေမဲ့လူတစ်ယောက်အဖြစ်တွေ့နေရပါတယ် "

နက္ခတ်ပညာရှင်ရဲ့ဖြစ်ရပ်သည် ဒေါသထွက်နေသောမြွေဟောက်ကို ခေါင်းသွားပုတ်မိသည့်အလား။ပုလ္လင်ပေါ်မှဆင်းလာကာ ဒူးထောက်၍ ကြမ်းပြင်ကိုနဖူးနဲ့ထိနေသော ပညာရှင်ကို ဆွဲမကာ လည်ပင်းကိုလည်း ဆုပ်ကိုင်လိုက်၏။

Young prey(Completed)Where stories live. Discover now