၂၁.နိုးနိုးချင်း သားဆိုးလေးကို ရိုက်ချင်လာရပုံ

5.6K 653 64
                                    

Unicode

"မျှော်လင့်ခြင်းနတ်သမီးပြောပုံအရဆိုရင်..ဒါ..ဒါက "

"မင်းဘာလို့ စကားပြောရင်တွန့်ဆုတ် တွန့်ဆုတ်လုပ်နေတာလဲ..အမြန်ပြော..!"

နဂိုကတည်းကမှ စိတ်မရှည်တဲ့ ဝမ်ရိပေါ်သည် မျှော်လင့်ခြင်းနတ်သမီး ပြောပြခဲ့သည်များကို ပြန်ပြောပြတဲ့အခါ နက္ခတ်ပညာရှင်က တွန့်ဆုတ်နေကာ နတ်သမီး၏ စကားအဓိပ္ပါယ်ကို ပြောပြရန်ခက်ခဲနေခြင်းပေ။

အကူအညီရလိုရငြား ဘုရင့်သက်​တော်​စောင့်ကိုကြည့်လိုက်ပေမဲ့ ဟောက်ရွှမ်းကလည်း အမြန်ပြောရန်သာ မျက်ရိပ်မျက်ကဲပြနေသည်။အမြဲဘုရင့်ရဲ့အမြတ်တော်ကို သူပဲခံနေရတာလဲဆိုတာ နက္ခတ်ပညာရှင်ကြီးနားမလည်နိုင်တော့ပေ။လူသားကောင်လေး သေသွားပြီဆိုသောသတင်းကြားကြားချင်းကဆို သူ့ရဲ့အထုပ်အပိုးများကိုထုတ်ထားရကာ ထွက်ပြေးဖို့တောင် စဥ်းစားမိလိုက်သေးသည်။

အကယ်၍နတ်ဆိုးဘုရင်ရဲ့စိတ်ထဲမှာ သူပြောလိုက်လို့သေရတာပါဟုသတ်မှတ်ချလိုက်ပြီးဆိုရင် သူ့ခေါင်းသည်လည်း မြေပြင်ပေါ်သို့ပြုတ်ကျကာ သူ့ရဲ့အနာဂတ်ခန္ဓာကိုယ်သည် မီးတောက်မီးလျှံများကြား အဆုံးသတ်ရပေလိမ့်မည်။

ဒါပေမဲ့ သူထင်ထားသလိုတော့မလုပ်ခဲ့ပါ။အခုကတော့အခြေအနေမတူပေ။နတ်သမီးကြီးပြောသောအဓိပ္ပါယ်ကိုပြောလိုက်ပါက မီးစညှိပေးလိုက်သလိုဖြစ်သွားပြီး အပြစ်ပေးရင် ဘယ့်နှယ့်လုပ်မလဲ။ပထမတစ်ခါက လူသားကောင်လေးတားလို့ခေါင်းမပြုတ်ခဲ့ပေမဲ့ အခုတားမဲ့သူလည်း မရှိတော့ဘူး။

"ပြောလေ..!!"

"လူ...လူ..လူသားကောင်လေးရဲ့ ခန္ဓာကိုယ်ကို မီးရှို့သဂြိုလ်ရပါမယ်..ပြာမှုန်တွေဖြစ်သွားတဲ့အထိ မီးတောက်အောင်ထား..ထား ရမှာဖြစ်ပြီး အဲ့အရိုးပြာမှုန့်တွေက လူသားကောင်လေးစီလမ်းပြပေးမှာလို့ ပြောတာပါ..အဲ့အချိန်ထိလည်း မီးကအရှိန်ပြင်းပြင်းတောက်လောင်နေရပါမယ် "

မျက်လုံးပြူးသွားသူက ဟောက်ရွှမ်း၊ပုလ္လင်ပေါ်မှာ အံကြိတ်၍ လက်သီးဆုပ်သွားသူက ဝမ်ရိပေါ်။မကြာခင် ဒေါသပုံထတော့မည့် ဝမ်ရိပေါ်ရဲ့ပုံကို ဟောက်ရွှမ်းမြင်ယောင်လာခဲ့ပေမဲ့ ဝမ်ရိပေါ်က အချိန်တော်တော်ကြာသည်အထိ တွေဝေနေခဲ့သည်။

Young prey(Completed)Where stories live. Discover now