၂၈.လျို့ဝှက်ချက်လေး

4.8K 628 28
                                    

Unicode

ရှောင်ကျန့်က အရမ်းလွမ်းခဲ့ရတဲ့သူကိုတွေ့လိုက်ရတော့ ပျော်လည်းပျော်မိသလို ဒေါသလည်းထွက်မိသည်။ဒါကြောင့် မျက်နှာချင်းဆိုင်နေရာမှ ထိုသူကိုကျောပေးလှည့်ပစ်လိုက်၏။

ချက်ချင်းဆိုသလို သူ့နောက်ကျောမှ သစ်ရွက်ခြောက်နင်းကြေသံများအပြင် အလောတကြီးခြေသံများလည်း ကြားလိုက်ရသည်။

နှစ်၅၀၀၀ ကျော်ကြာလို့ ကလေးတောင်အရွယ်ရောက်နေပြီကို အခုမှဘာလို့လာရှာနေသေးတာလဲ။သေသေရှင်ရှင်ပစ်ထားလိုက်ပါတော့လား။

"အလှလေး "

သူပုခုံးကိုဆွဲယူလှည့်​စေပေမဲ့ သူ့က​တော့ပုခုံးကိုပြန်ရုန်းလိုက်၏။

"ကိုယ်...နောက်ကျသွားတယ် "

"သိရင်လည်း အခုမှဘာလို့လာသေးလဲ..နောက်ကျလက်စနဲ့ ဆက်နောက်ကျနေလိုက်ပါလား "

"တောင်းပန်ပါတယ် "

ဝမ်ရိပေါ်က အရမ်းတစ်ကိုယ်ကောင်းဆန်တယ်လို့ ရှောင်ကျန့်ထင်မိတာကြောင့် တိတ်တဆိတ်သာနေမယ်ဟူသော ဆုံးဖြတ်ချက်က အရာမဝင်တော့ပေ။ရှောင်ကျန့်ဟာ တစ်ဖက်မှ ဝမ်ရိပေါ်ကို အင်အားရှိသမျှထုရိုက်ချင်စိတ်တွေဖြစ်လို့လာပြီး လက်တွေ့လည်းအကောင်အထည်ဖော်မိ၏။

"တောင်းပန်တယ် ဟုတ်လား..နှစ်၅၀၀၀ ကျော်တောင်ငါ့ကိုပစ်ထားခဲ့ပြီး အခုမှ ငါ့တောင်းပန်တယ်ပေါ့..မင်းစောမနေဘူးလား..ငါသေမှ ငါ့အုတ်ဂူမှာ လာတောင်းပန်လိုက်ပါလား..ဟမ်..!!! ငါ..ငါ.. အင့်..ငါကိုယ်ဝန်ကြီးနဲ့ ဘယ်လောက် မင်းကို မျှော်​နေခဲ့ရသလဲမင်းသိလား..ငါမျှော်တုန်းကကျတော့ မလာဘူး..မင်း......အီး..ဟီး..
မင်း ဘယ်မှာ သွားသေနေလို့လဲ...အင့်...မကောင်းတဲ့ဝက်ပေါက်ကြီးရဲ့..အီးဟီးးး "

မျက်ရည်များအပြင် နှာရည်များပါထွက်ကျလာတဲ့အထိ ရှောင်ကျန့်က အငိုမရပ်ပေ။သူတစ်ကယ်ဒေါသထွက်သင့်တယ်မလား။အဲ့တုန်းက သူ့ဗိုက်ထဲက ကလေးအသက်ရှင်အောင် ဘယ်လောက်ထိ ခမည်းတော်ကို တောင်းပန်ခဲ့ရလဲ။သူ့မှာ ကိုယ်ဝန်ရှိနေမှန်းလဲ ဝမ်ရိပေါ်သိရက်နဲ့ ဘာလို့လာမခေါ်ခဲ့တာလဲ။သူထင်ခဲ့တာက သူ့ကိုပစ်သွားပြီးလား၊ဒါကြောင့် လာမရှာတာလားဟုပင်။

Young prey(Completed)Where stories live. Discover now