၄.နတ်ဆိုးဘုရင်ကြီးရဲ့ အခါခါအလျော့ပေးမှု

11.3K 1K 40
                                    

Unicode

ဆေးစွမ်းပြယ်သွားလို့ ဝမ်ရိပေါ်တော်တော်အံသြမိသည်။ဒီဆေးက တစ်သက်မှာတစ်ခါသာ သောက်လို့ရတဲ့ဆေးပင်။အလှလေးက ဘာလို့အဆုံးထိ မေမ့သွားရတာလဲ။

အခုအချိန်မှာတော့ အရေးအကြီးဆုံးက သူ့အရှေ့က ဒေါသကြီးနေတဲ့ ကောင်ငယ်လေးပဲ။သူ့အကြံကိုသိသွား၍ အသေအချာကို ဒေါသထွက်လွန်းနေမည်က မျက်ဝန်းအကြည့်မှာပါသည့်ဒေါသရောင်ဖြင့်သိနိုင်ပေသည်။

"အလှလေး "

"ရှေ့မတိုးလာနဲ့!!"

အမှတ်ရာနီနီများက တစ်ကိုယ်လုံးမှာ ဆေးဆိုးပန်းရိုက်သဖွယ် ထင်ဟပ်နေကာ အဝတ်များကပါဖရိုဖရဲနဲ့ဖြစ်နေသဖြင့် ဝမ်ရိပေါ်က အလှတရားကိုတစ်ဝကြီးရှုစားချင်ခဲ့သည်။သို့ပေမဲ့ မုန်းတီးမှုတွေပြည့်နှက်နေတဲ့ မျက်ဝန်းတွေကိုတော့ သူသိပ်ဘဝင်မကျပါ။

မှတ်မိနေတော့ရော ဘာလုပ်ရမှာလဲ။သူ့လက်ထဲက ထွက်မှမပြေးနိုင်တာ။ဝမ်ရိပေါ်က အလျော့ပေးတော့မလိုလိုနဲ့ ပြန်ပြီးရဲတင်းသွားရပြန်သည်။

"ရှေ့တိုးမလာနဲ့လို့ ပြောနေတယ်!!!"

စကားနားမထောင်တဲ့ဝမ်ရိပေါ်က ရှေ့တိုးသွားတဲ့အပြင် လက်နှစ်ဖက်ကိုပါဖမ်းချုပ်၍အိပ်ရာပေါ်လှဲချလိုက်သည်။

"ခင်ဗျား ဘေးဖယ်!"

"ဘာလို့ဒေါသတွေသိပ်ကြီးနေရတာလဲကွာ..တစ်ကယ်ဆို ကိုယ်ကချစ်နေတာကို ဂုဏ်တောင်ယူသင့်တာမလား.. ဟမ်? "

ရှောင်ကျန့်ဘဝမှာ ဒီလောက်အရှက်မဲ့ပြီး ဒီလောက်မျက်နှာပြောင်တိုက်လှသည့်လူကို မတွေ့ဖူးပေ။

"လွတ်ပေးပါတော့ဗျာ..နှိပ်စက်ချင်တယ်ဆိုလည်း ဘဝဖျက်လိုက်ရုံနဲ့လုံလောက်ပြီမလား "

နှိပ်စက်ချင်တယ်တဲ့လား။ချစ်လွန်းလို့အရယူမိသည်ကလွဲရင် သူနှိပ်စက်ထားတာဘာတစ်ခုမှမရှိသေးပါ။ဟိုကိစ္စကတော့ စိတ်အလိုကိုမထိန်းနိုင်လို့ ဖြစ်သွားခဲ့တာမို့ ထားတော့။အလှလေးက သူ့ကိုဘာလို့အဲ့လိုမြင်ရတာလဲ။ဘာတွေက အဲ့လိုမြင်စေတာလဲ။

"ကိုယ်အရင်ကလည်း ပြောဖူးပြီးသား..အခုပြန်ပြောမယ်.. ကိုယ်မင်းကိုချစ်လွန်းလို့ ဖမ်းခေါ်လာမှုနောက်မှာ ပြန်ပို့ပေးဖို့စိတ်ကူးလုံးဝမပါဘူး..အခုလည်း ပြန်ပို့မပေးသလို နောက်လည်းပြန်ပို့မပေးဘူး..ကိုယ်မင်းကိုအရမ်းချစ်တာ..သောက်ရမ်းချစ်တာကို..ဘာလို့ထွက်သွားချင်ရတာလဲ "

Young prey(Completed)Where stories live. Discover now