၂၇.ခရီးတစ်ခေါက် ကလေးတစ်ယောက်

5.1K 637 61
                                    


Unicode

ဟောက်ရွှမ်းထင်တဲ့အတိုင်း နောက်တစ်ရက်မှာ အချုပ်ခန်းထဲမှအဖြစ်အပျက်က နန်းတော်တစ်ခုလုံးပျံ့နှံ့သွားခဲ့သည်။
ဒီကိစ္စမှာ ဝမ်ရိပေါ်အတွက်အခက်အခဲတစ်ခုတော့ ဖြစ်စေသည်။ဘာလို့ဆို ဒီသတင်းက ရှောင်ကျန့်နားထဲရောက်သွားလို့မှမဖြစ်တာ။ဒီသတင်းသာ ရှောင်ကျန့်သိသွားရင် သူလိမ်ထားတာပေါ်ပြီ။

ဒါကြောင့် သူ့အကြံအစည်အတိုင်း ရှောင်ကျန့်ကို အိပ်ဆောင်ထဲတွင်ပိတ်ထားရသည်။ဒါပေမဲ့ ရက်အကြာကြီးအိမ်တွင်းအောင်းရတဲ့လူလို ဖြစ်လာတော့ ရှောင်ကျန့်ကစုတ်တံကိုင်ရတာတောင် ပျင်းရိလာခဲ့ပြီး အပြင်မှ လေထုကိုလည်း အရမ်းထိတွေ့ချင်လာ၏။ဝမ်ရိပေါ်ကိုပြောလည်း အပြင်ပေးမထွက်မှာကြောင့် ခိုးထွက်ဖို့သာ စိတ်ကူးမိသည်။

ပထမဆုံး ဝမ်ရိပေါ်အပြင်ထွက်မှာကို စောင့်​​ပြီး အလုပ်တစ်ခုခုကိုခိုးလုပ်ဖို့ဆိုတာ သူ့လိုရိုးသားသူအတွက်တော့ မလွယ်ကူပါ။ခိုးလုပ်ရတဲ့အလုပ်ဆိုတာကလည်း ဘယ်တော့မဆိုအခက်အခဲရှိတတ်သည်။

"ရိပေါ်..ဒီနေ့ ဘယ်မှမသွားဘူးလား "

"အင်း..သွားတာတော့ သွားရမယ်..အလှလေးတော့မလိုက်ရဘူးနော် "

ရှောင်ကျန့်ဟာ အထိန်းတော်တစ်ယောက်တန်မဲ့ အိမ်ထဲမှာထိန်းသိမ်းခံထားရသော မိန်းမပျိုလေးလိုဖြစ်လာတော့ ဒေါသထွက်လာခဲ့ရသည်။ဒီလိုတွေ လိုက်ချုပ်ချယ်နေရအောင်သူ့မိန်းမလည်း မဟုတ်ပါဘဲနဲ့။

"ကိုယ့်ကိုပြော..ဘာတွေစိတ်တိုင်းမကျဖြစ်နေတာလဲ..ပန်းချီဆေးတွေကုန်သွားလို့လား..ကိုယ်ပြန်လာရင်ရော ဘာဝယ်ခဲ့ပေးရမလား "

အလိုမကျမှုကြောင့် ရှောင်ကျန့်မျက်နှာဟာစူပုပ်နေမှာအသေအချာပါပဲ။သူက အလိုမကျတာထက် ငိုချင်လာတာပင်။ပြောလိုက်ရင်လည်း ပေးထွက်မှာမဟုတ်၊မပြောပြန်ရင်လည်း သူ့စိတ်အလိုမကျမှုကပိုပိုဆိုးလာ၏။

"ကိုယ်ပြန်လာရင် စွန်လွတ်ကြမလား..ဘာစွန်ရုပ်ကြိုက်လဲ "

"ယုန် "

"ယုန်လား..ဆိုင်မှာက ငှက်ရုပ်ပဲ အများဆုံးရှိတာဆိုတော့ "

Young prey(Completed)Where stories live. Discover now