၁၉.ပြောင်းလဲမရသော သေကံ

4.9K 604 31
                                    

Unicode

"မတရားဘူး..လုံးဝမတရားဘူး "

"ဘာဖြစ်လို့လဲ..လူ့ပြည်မသွားချင်လို့တော့မရဘူးလေ..မဆိုးစမ်းနဲ့ "

လူ့ပြည်မသွားလို့မရဘူးဆိုတာ ဘာစကားလဲ။ဒါဆို ဝမ်ရိပေါ်က သူ့ကိုလိုက်ပို့ချင်လို့မဟုတ်ဘဲ တမင်ကိုသွားလည်တာပေါ့။ဒါက မသွားမဖြစ်သွားရမည်ဆိုသော အဓိပ္ပါယ်မလား။

ဒါပေမဲ့သူပြောတဲ့မတရားတာက အဲ့ဒါကိုပြောတာတော့မဟုတ်ဘူးလေ။သူဟာ ဝမ်ရိပေါ်ဖုံးကွယ်ထားသော လူ့ပြည်သို့မသွားမဖြစ်သွားရမည်ဆိုသောကိစ္စအမှန်ကို သိချင်လာမိသည်။ဒါက သူနဲ့ပက်ကိုပက်သတ်နေမည်မှာ အသေအချာပဲ။

"အမှန်အတိုင်းပြော..ဘာလို့လူ့ပြည်ကိုမသွားလို့မရရမှာလဲ "

ဝမ်ရိပေါ်က မပြောချင်သလို့ ခေါင်းကိုလွဲသွားသည်။

"ရိပေါ်..ကျွန်တော်စိတ်မဆိုးဘူး..ပြောပြပါ "

"အိပ်ဆောင်ပြန်ကြရအောင် "

ဝမ်ရိပေါ်က ကမ်းစပ်ကိုမျက်နှာမူလိုက်သည်နှင့် လှေကအလိုလိုရွေ့သွားခဲ့သည်။ရှောင်ကျန့်အထင်သာမှန်ခဲ့မယ်ဆိုရင်..။

"ဘာလဲ နတ်ဆိုးတိုင်းပြည်မှာဆက်နေရင် ကျွန်တော်သေမှာမို့လို့လား "

ရုတ်တရက်လှေက ရပ်သွားခဲ့သည်။ရှောင်ကျန့်မြင်နေရသော ကျောပြင်ကျယ်တစ်ခု၊သူ့ကိုအမြဲပြုံးရီပြနေတတ်တဲ့မျက်နှာက လှည့်မလာတော့ချေ။ဒါဆို သူထင်တာမှန်ခဲ့တာပေါ့။

"ဟုတ်တယ်မလား..မှန်နေတယ်မလား "

"အင်း "

ကြည့်ရတာ ဝမ်ရိပေါ်လည်း မဖုံးကွယ်ထားချင်တော့ပုံပါပဲ။ဖုံးကွယ်ပြီးတော့ရော ဘာလုပ်လို့ရဦးမှာလဲ။သူ့အလှလေးက ဒီတစ်ခါဉာဏ်ပြေးလွန်းခဲ့ပြီလေ။

"မသွားဘူး "

"မရဘူး..!!"

"မသွားဘူး..ခင်ဗျားက ဒီတိုင်းပြည်မှာရှိနေမှဖြစ်မှာ..သွားရမယ်ဆိုရင်တောင် ကျွန်တော်တစ်ယောက်ထဲသွားမယ်..ခင်ဗျားမလိုက်ခဲ့နဲ့"

"မရဘူး..အလှလေး ကိုယ့်ကိုစိတ်မချရအောင်မလုပ်ပါနဲ့လား..ကိုယ်လိုက်ရမှဖြစ်မှာ "

Young prey(Completed)Where stories live. Discover now