၃.ဆေးကျွေး၍ အတိတ်မေ့စေသည်

12.7K 1K 45
                                    

Unicode

ရှောင်ကျန့်နှိုးလာချိန်မှာတော့ သူ့တစ်ကိုယ်လုံးဟာ ကိုက်ခဲလို့နေခဲ့သည်။ယခုကဲ့သို့ နာကျင်စွာနှိုးထလာရတဲ့မနက်ခင်းကို ရှောင်ကျန့်မုန်းမိသည်။အလိုမတူပါဘဲ ခိုးပြေးလာမှုအပြင် မိဘများနှင့်ပါ မတွေ့ရတော့တဲ့ ဘဝက သူမှဘာလို့လဲ။

မထနိုင်သေးဘဲ ဘေးတစ်စောင်းသာနေနေတဲ့သူက ဘယ်အချိန်ကတည်းကလဲမသိ ထိုနတ်ဆိုးရဲ့ ရင်ခွင်ထဲမှာ ခိုးနားကာ ပွေ့ဖက်ထားခြင်းခံထားရသည်။

အလိုမကျမှုကြောင့်လှုပ်မိလိုက်တိုင်း မခံမရပ်နိုင်စွာနာကျင်မှုဟာ ရှောင်ကျန့် မျက်ရည်ကျချင်သွားရသည်အထိပင်။တစ်ကယ့်ကို ယောကျာ်းတစ်ဦးအတွက် ရှက်ဖို့ကောင်းသည့်ဖြစ်ရပ်ပင်ဖြစ်၏။

"နှိုးနေပြီလား..ကိုယ့်ကိုနှိုးလိုက်တာမဟုတ်ဘူး..."

မကြားချင်ဆုံးအသံကြောင့် မျက်ဝန်းများကိုမှိတ်ချလိုက်ချိန် မျက်ဝန်းထောင့်က စိုစွတ်သွားရသည်။သူကလေးဟာ ငိုချင်ရက်လက်တို့ဖြစ်နေခဲ့ခြင်းပေ။

"ကိုယ့်အလှလေးက ဘာလို့မျက်ရည်ခရပြန်ပြီလဲကွာ "

"မခေါ်နဲ့! "

ဝမ်ရိပေါ်က ရုပ်တည်ဖြင့်
"ဘာကိုလဲ "

"အလှလေး.. အလှလေးလို့ လာလာမခေါ်ပါနဲ့ ကျွန်တော်က ယောကျာ်းလေးပါ..!ဘယ်လိုလုပ်..ဘယ်လိုလုပ် ယောကျာ်းလေးတစ်ယောက်ဘဝကို ဒီလို..အင့် "

ရှောင်ကျန့်က ဝမ်ရိပေါ်ရဲ့ရင်ခွင်အတွင်းမှ တစ်ခြားတစ်ဖက်သို့လှည့်လိုက်တာကြောင့် ဝမ်ရိပေါ်က လက်တစ်ဖက်ထောက်၍ ထလိုက်ကာ ရင်ဘတ်နားအထိစောင်ခြုံထားတဲ့ ရှောင်ကျန့်ကို အုပ်မိုးကြည့်လိုက်သည်။

"ကိုယ်မင်းကို ခိုးပြေးလာကတည်းက ပြန်ပို့ပေးဖို့အစီအစဉ်မရှိဘူး..ဒါပေမဲ့ ဒီမှာနေပြီး ကြိုက်တာလုပ်လို့ရတယ်..ကိုယ်က မင်းလိုချင်သမျှလည်း အကုန်ဖြည့်စီးပေးနိုင်တယ်..ဒါမကောင်းဘူးလား "

"ဒါပေမဲ့ ကျွန်တော်က မေမေနဲ့ ဖေဖေရှိတဲ့နေရာမှာပဲနေချင်တာ "

"ကိုယ် မင်းအဖေနဲ့အမေကိုသတ်လိုက်မှ အဲ့လူ့ပြည်ကိုတမ်းတနေတာရပ်မှာလား "

Young prey(Completed)Kde žijí příběhy. Začni objevovat