၂၆.အချစ်များအပြည့်ဖြင့်ပြုလုပ်ပေးထားသော သကြားလုံးလေးများ

4.4K 580 16
                                    


Unicode

ဝမ်ရိပေါ်က အရပ်ရှည်လာခဲ့သည်၊အရွယ်ရောက်လာတာနဲ့အမျှ ဝတ်ပုံစားပုံများပြောင်းလဲလာခဲ့သည်၊ လစ်ရင်လစ်သလို ရှောင်ကျန့်အားအသားယူလာတတ်သည်။ဒါပေမဲ့ သူ့မှာမပြောင်းလဲတာကတော့ လွန်ခဲ့တဲ့နှစ်၅၀ကအတိုင်း ပါးဖောင်းလေးများနှင့် ရှောင်ကျန့်အပေါ် ဆတ်ဆတ်ထိမခံချစ်တဲ့စိတ်ပင်ဖြစ်သည်။

သူ့ကိုအုပ်မိုးကြည့်လာတဲ့ ဝမ်ရိပေါ်ကို ရှောင်ကျန့်က ခေါင်းမော့ကြည့်လိုက်ရသည်။ဒီကလေးက အရင်က သူ့ကိုတောင်မျက်လုံးလေးလှန်ကြည့်ခဲ့ရတာ။အခုတော့ သူက ခေါင်းမော့ကြည့်နေရပြီလား။အချိန်တွေက သိပ်အကုန်မြန်တာပဲ။

"ပြော..ဘယ်အကောင့်အကြောင်းတွေးနေတာလဲ "

"ဟောဒီက ရိပေါ်လေးအကြောင်းပါဗျာ "

စတွေ့ကတည်းက မကွာခြားတဲ့အချက်ကတော့ ဝမ်ရိပေါ်က တစ်ခြားတစ်ယောက်အကြောင်း တွေးနေတာပဲဖြစ်ဖြစ် ပြောလိုက်တာပဲဖြစ်ဖြစ် မျက်နှာက လငပုပ်ဖမ်းသွားတတ်သည်။အခုလို အမေးခံရတာလည်း ပထမဆုံးအကြိမ်မဟုတ်တော့ပါ။ဒါကို အရင်ကလည်း ဖန်တစ်ရာထပ်နေအောင် အမေးခံရပြီးပြီ။

သူပထမဆုံးအကြိမ် ဟောက်ရွှမ်းနဲ့စကားပြောတုန်းကဆို..

ထိုအချိန်က ဝမ်ရိပေါ်သွားစရာတစ်ခုရှိတယ်ဆိုလို့ သူ့ကို ဟောက်ရွှမ်းနဲ့ထားခဲ့ခြင်း။ထူးထူးခြားခြား ဟောက်ရွှမ်းသည် သကြားလုံးစားနေခဲ့သည်။

"ဟောက်ရွှမ်း..မင်းလက်ထဲက သကြားလုံးတွေလား "

ဟောက်ရွှမ်းက ခေါင်းငြိမ့်​ပြလျက် သူ့လက်ခုပ်ထဲမှသကြားလုံးများကိုကမ်းပေးလာသည်။

"စားချင်လို့လား "

"အင်း..နည်းနည်းလောက် "

သကြားလုံးအရသာက ထူးဆန်းနေ၏။အရသာက ထူးခြားစွာ သတိတရသူစားခဲ့ဖူးတဲ့ အကိုတော်လုပ်ကျွေးသောသကြားလုံးအရသာအတိုင်းပင်။

"မင်းဒါကို ဘယ်ကရတာလဲ "

"ကိုယ့်ဘာသာလုပ်တာ..လူ့ဘဝမှာသေခဲ့တုန်းက အရမ်းအသက်ငယ်သေးတော့ ဘာမှမမှတ်မိခဲ့ပေမဲ့ မှတ်မှတ်ရရ အခုသကြားလုံးအရသာပဲမှတ်မိခဲ့တာ..အဲ့တာကြောင့် ကိုယ့်ဘာသာလုပ်စားခဲ့တာလေ..မဆိုးပါဘူး ကောင်းတယ်မလား "

Young prey(Completed)Where stories live. Discover now