၁၆.မင်္ဂလာရက်ရွေးဖို့ အကြောင်းဖန်လာကာ ချစ်စဖွယ် အခေါ်အဝေါ်

5.7K 672 41
                                    

Unicode

နတ်ပြည်မှာ မအေးချမ်းတော့ပါ။အသစ်တတ်သောဘုရင်သည် ပွဲလမ်းသဘင်များလည်းမလုပ်တော့သလို သတင်းများအရ နန်းတော်ထဲမှာလည်းမကောင်းဆိုးဝါးမွေးထားသေးသည်လို့ဆိုသည်။

အခုလည်း ရုပ်မသိသောလူတစ်ယောက်ကို အသည်းအသန်ရှာခိုင်းနေပြန်ပြီ။သူတောင်မသိတဲ့လူကို ဘယ်သူကသိမှာမို့လို့လဲ။ပုံတူဆွဲပြီးလိုက်ရှာခိုင်းရအောင်လည်း သူကိုယ်တိုင်ရုပ်မသိပြန်ဘူး။

"ဒီလိုအစွမ်းပိုင်တဲ့ ဝိညာဉ်မျိုး.. ငါစားလိုက်ရရင် ဒီလောကမှာငါနဲ့ယှဉ်နိုင်သူရှိတော့မှာမဟုတ်ဘူး "

နန်းဆောင်ထဲမှာပူထူနေတဲ့ လော့ဇီဖေးရဲ့ပုံရိပ်က တစ်စုံတစ်ယောက်အတွက်တော့ အရမ်းကြည့်ကောင်းနေပုံပင်။လော့ဇီဖေးသာဉာဏ်ကောင်းခဲ့မယ်ဆိုရင် အခုကိစ္စက သူ့အာရုံကို လွှဲလိုက်မှန်းသိရှိမှာဖြစ်သည်။

သစ်ကိုင်းတစ်ကိုင်းတွင် ခွထိုင်နေသော လူငယ်လေးကို ဘယ်သူမှမမြင်ရပါ။ထိုလူငယ်လေးက ပျင်းတိပျင်းတွဲဖြင့် ချထားသော သူ့ခြေတံရှည်ရှည်နှစ်ချောင်းကိုလှုပ်ယမ်းနေသေးသည်။

"နတ်ဆိုးတွေမို့လို့လား..တုံးလိုက်တာလည်းလွန်ရော.. ပျင်းလိုက်တာကွာ..ဆေးလုံးလေးတွေ သွားကူလုပ်ပေးရင် ကောင်းမလား "

နတ်ပြည်မှာက ဘယ်သူမှအလကားမနေကြပါ။ပြောရမယ်ဆို လူ့ပြည်မှာလိုပဲ သူ့အလုပ်နဲ့သူရှိကြသည်။လူထက်ပိုသွားတာဆိုလို့ အသက်မကြီးသွားတာနဲ့ အစွမ်းရှိတာပဲကွာသည်။

နတ်ဆိုးများနှင့်အလားတူ အမုန်းတရားမပြည့်နှက်ဘဲ စင်ကြယ်တဲ့ဝိညာဉ်က နတ်ပြည်ရောက်လာတာ၊ ပေါက်စီလေးလို နတ်အချင်းချင်းမှ မွေးလာတာ၊ ပြီးတော့ နတ်နဲ့နတ်ဆိုးနဲ့မွေးတာ ဆိုပြီး အမျိုးအစား၃ခုရှိတဲ့အထဲမှာ နတ်နဲ့နတ်ဆိုးနဲ့ကမွေးလာသူသည် စွမ်းအားအကြီးဆုံးဖြစ်သည်။

ထိုလူငယ်လေးသာ နတ်ပြည်မှထီးနန်းလိုချင်ပါက ကျိန်းသေပေါက်လော့ဇီဖေးသည် ဆင်းပေးရမည်။ဒါဆို လူငယ်လေးက ဘာကိုစောင့်နေရတာလဲ။သစ်ပင်ပေါ်မှ ကောင်လေးသည် သစ်ပင်လေးကိုကျောမှီလို့ ကောင်းကင်ပေါ်သို့မော့ကြည့်၍ ခပ်တိုးတိုးလေးရေရွတ်သည်။

Young prey(Completed)Where stories live. Discover now