၃၁.နတ်ကြာကန်မှ မိစ္ဆာအဖြစ်သို့

4.6K 554 39
                                    

Unicode

နန်းတွင်းထဲမှာ ဝရုန်းသုန်းကားဖြစ်မှုက တော်တော်ပြင်းထန်နေ၏။ဘုရင်က ပျောက်ချင်းမလှပျောက်သွားတဲ့အပြင် ဘယ်ကမှန်းမသိသော ရေမကောင်းဆိုးဝါးကြီး သောင်းကျန်းလို့နေသည်။

လမ်းတောက်လျှောက်မှာ တွေ့တဲ့သူမှန်သမျှကို နွယ်ရှင်များနဲ့ရစ်ပတ်ကာ ပါးစပ်ဟုထင်ရသော အပေါက်ကြီးထဲ ပစ်ပစ်ထည့်၏။အကောင်းကြီး၏အရွယ်အစားမှာ ကြီးမားလွန်းတဲ့အပြင် လျင်မြန်လွန်းတာကြောင့် မတိုက်ခိုက်နိုင်ခင်မှာပဲ ပါးစပ်ထဲဝါးမြိုခံလိုက်ရ၏။

ကောင်းကင်နိုင်ငံဟာ လူ့ပြည်နဲ့ ဆက်စပ်နေကာ နတ်ဆိုးတိုင်းပြည်ကတော့ တစ်သီးတစ်သန့်ကွဲထွက်နေတာမျိုးဖြစ်သည်။ဒါကြောင့် ကောင်းကင်နိုင်ငံမှာ ဝရုန်းသုန်းကားဖြစ်မှုက လူ့ပြည်ကိုပါ သွေးမိုးရွာစေ၏။

"သွေးမိုးရွာတယ်ဟေ..ထွက်ကြည့်ကြ!"

ညဘက်တွေမှာ အဓိကအလင်းဆောင်ပေးသူဖြစ်သော လမင်းကြီးသည် ရဲရဲတောက်နီနေကာ ရွာသွန်းလာတဲ့မိုးရေစက်များမှာလည်း လှအရောင်ကြောင့် သွေးစက်များကဲ့သို့ဖြစ်နေပြီ။

ရှောင်ကျန့်ဟာ အချိန်သင့်အခါသင့်မဟုတ် ရွာချတဲ့မိုးရယ်၊မဖြစ်သင့်သော လအရောင်ရယ်ကြောင့် တစ်ခုခုမှားနေပြီဆိုတာသိလိုက်၏။

ကောင်းကင်တိုင်းပြည်နဲ့ နတ်ဆိုးတိုင်းပြည်က ငြိမ်းချမ်းရေးယူထားကာ တစ်သီးတစ်သန့်နေကြပြီး ကောင်းကင်တိုင်းပြည်မှ အထောက်အပံ့များကိုလည်း မယူတဲ့အတွက် ကောင်းကင်ကြီးပြိုကျရင်တောင် နတ်ဆိုးတိုင်းပြည်က ဘာမှမဖြစ်သွားနိုင်သော်ငြား လူ့ပြည်ကတော့မဟုတ်ပေ။

လူ့ပြည်မှာ ရာသီဥတုသုံးပါးအပြင် တစ်ခြားသောအရာများကလည်း ကောင်းကင်တိုင်းပြည်မှလာတာဖြစ်လို့ အခုလိုဖောက်လွဲဖောက်ပြန်ဖြစ်မှုအရာများကလည်း ကောင်းကင်တိုင်းပြည်မှာ တစ်ခုခုမှားယွင်းနေလို့ပင်။

"အလှလေး..ဘယ်သွားမလို့လဲ "

"ကောင်းကင်တိုင်းပြည်ပေါ့ "

"နေဦးလေ "

ပြေးထွက်သွားတော့မည့်ဟန်ရှိသော ရှောင်ကျန့်ကို ဝမ်ရိပေါ်က လက်လှမ်းဆွဲထားလိုက်၏။

Young prey(Completed)Where stories live. Discover now