၈.စိတ်ကြိုက်ဆိုးသွမ်းခွင့်လေး

7.9K 825 58
                                    

Unicode

ကတိအတိုင်းနောက် ၂ရက်အကြာမှာ ဝမ်ရိပေါ်က မိဘများနှင့်တွေ့ခွင့်ပေးခဲ့သည်။ချုပ်ချယ်တဲ့အချက်ကတော့ သူပါဘေးနားက ကပ်လိုက်လာတာပါပဲ။သူမကြိုက်တာအဲ့တာတွေပဲ​။ဘေးနားမှာ မျှော့လိုပဲ လိုက်တွယ်ကပ်နေတာ။

သူ့ကိုမမှတ်မိသော်လည်း မေမေက သားတစ်ယောက်သဖွယ် နွေးထွေးစွာဆက်ဆံပေးသည်။

"အရင်နေ့က နှောင့်ယှက်သလိုဖြစ်သွားတာကို တောင်းပန်ချင်တယ်ဆိုလို့ ခေါ်လာပေးတာပါ "

"ရပါတယ်ကွယ်..နေမကောင်းနေတာပဲ ဒေါ်ဒေါ်နားလည်ပါတယ် "

ရှောင်ကျန့်က သူ့အဖေနဲ့အာထုံကို မတွေ့ရတာကြောင့် ခေတ္တမျှစောင့်ဆိုင်းပြီး ရှာကြည့်သေးသည်။ဒါပေမဲ့လည်း သူတို့ပြန်မဲ့အချိန်ထိ မတွေ့ရသေးတာကြောင့် မေးဖို့သာဆုံးဖြတ်ရတော့သည်။

"ဦးလေးနဲ့ ဟိုကောင်လေးရော "

"သြော်..မင်းဦးလေးနဲ့အားထုံနဲ့က ဆေးဆရာသွားခေါ်ကြတယ်ကွဲ့ "

"ဆေးဆရာ? ဘယ်သူဘာဖြစ်လို့လဲ "

ရှောင်သခင်မကြီးက အိန္ဒြေရှိစွာပြုံး၍ သူ့ဗိုက်ပေါ်ကို လက်တင်၍ဖွဖွပွတ်သည်။

"ဘယ်သူမှတော့ ဘာမှမဖြစ်ပါဘူးကွယ်..ဒါပေမဲ့ ဒေါ်ဒေါ့်ဆီမှာရင်သွေးလေးလွယ်ထားရတယ်လေ..၁၄ရက်လောက်တော့ရှိပြီ..အဲ့တာအခုတလော မူးမောလာလို့ ဆေးဆရာသွားပင့်တာ "

"ရင်..ရင်သွေး..!"

သူမရှိတဲ့တစ်လကျော်အတွင်းမှာ နောက်ရင်သွေးတစ်ယောက်ထပ်ရှိသွားတယ်ပေါ့။ဒါဝမ်းသာစရာပဲ။သူမရှိလို့မိဘတွေအထီးကျန်နေမှာမစိုးရိမ်ရတော့ဘူး။

"ပထမဆုံးကလေးဆိုတော့ ဒေါ်​ဒေါ်နည်းနည်းတော့ကြောက်မိတယ်..အတွေ့အကြုံကလည်းမရှိတော့ ကလေးဦးလေးအတွက်ဘာတွေလုပ်ပေးရမလဲ မသိသေးဘူး..အခုမှ မိဘဖြစ်ရတာမလွယ်ဘူးဆိုပြီး သဘောပေါက်လာတော့တယ် "

ထိုစကားကို ရှောင်ကျန့်မခံမရပ်နိုင်ဖြစ်မိသည်။ဝမ်ရိပေါ်က ရှောင်ကျန့်ရဲ့ဝမ်းနည်းသွားသောမျက်နှာလေးကို စိတ်မကောင်းစွာကြည့်၍ ပြန်ဖို့အကြောင်းစရတော့သည်။ဆက်နေပါက ရှောင်သခင်မကြီးကဘာတွေထပ်ပြောမယ်မှန်း ခန့်မှန်းကြည့်လို့မရသလို အလှလေးငိုသွားမလားလည်း သူမသိပေ။

Young prey(Completed)Where stories live. Discover now