၇.ချစ်မိသွားတာအမှားမဟုတ်သလို ခွင့်လွတ်ပေးနိုင်အောင် ကြိုးစားကြည့်မယ်

8.4K 817 26
                                    

Unicode

ရှောင်ကျန့်က သူနှိုးတိုင်းဝမ်ရိပေါ်ရင်ခွင်ထဲရောက်နေတာကို နေသားကျလာခဲ့ပြီ။အဆိပ်မိထားတဲ့အတွက် သူ့အချိန်တော်တော်များများကို ဝမ်ရိပေါ်ရဲ့ရင်ခွင်ထဲမှာသာကုန်ဆုံးနေရသည်ကလွဲရင် အရာအားလုံး သူအဆင်ပြေသည်။

ဒီနေ့ညဆိုတစ်လပြည့်ပြီမို့လို့ သူ့အဆိပ်ကပျောက်ကင်းတော့မှာဖြစ်၍ နောက်ထပ် ဝမ်ရိပေါ်ဆိုတဲ့နတ်ဆိုးရင်ခွင်ထဲဝင်စရာမလိုတော့ချေ။

"အလှလေး..ဘာတွေတွေးနေတာလဲ "

"ဘာမှမတွေးပါဘူး..ဒီအတိုင်းပဲ "

"အလှလေးအတွေးတွေကို ကိုယ်လည်းသိချင်တာပေါ့.. ဖြစ်နိုင်ရင် ကိုယ့်ကိုပြောပြပါလား "

"နတ်ဆိုးဘုရင်တစ်ပါးက အဲ့လောက်အားယားမယ်မှန်းမထင်ထားဘူး "

ရှောင်ကျန့်ဆုံးဖြတ်ထားတာတစ်ခုက ခွန်အားနဲ့အနိုင်ယူလို့မရတဲ့ဝမ်ရိပေါ်ကို စကားနဲ့အနိုင်ယူဖို့ပါပဲ။သူ့အပေါ်လုပ်ခဲ့တဲ့ အပြစ်တိုင်းအတွက် ဒီလောက်တော့အနိုင်ယူသင့်တာပေါ့။

"ကိုယ်အားနေလည်း စည်းစိမ်တွေမလျော့သွားဘူးလေ..ပြီးတော့အလှလေးအနားအမြဲနေလို့ရတယ် "

"ဒီတစ်ရက်ပြီးရင် အခန်းထဲဝင်မလာနဲ့ "

"ဘယ်လိုလုပ်ရမလဲ..ကိုယ်ကတော့နေမှာပဲ"

လက်တွေကအေးစက်လာတာကြောင့် စောင်ထဲမှာပင် လက်အချင်းချင်းပွတ်သပ်နေတဲ့ရှောင်ကျန့်ကို ဝမ်ရိပေါ်ကသတိထားမိသွားကာ သူ့လက်များကိုရှောင်ကျန့်ခါးမှတစ်ဆင့် လက်များကို ကူးပြောင်းသွားပြီး ဆုပ်ကိုင်ကာ နှိပ်နယ်ပေးနေသည်။

"ကိုယ့်ကိုယ်ကို ဂရုစိုက်မှပေါ့..အကယ်လို့ကိုယ်မရှိခဲ့ရင်လည်း အခုလိုပဲလက်အချင်းချင်းပွတ်နေတော့မှာလား..တစ်ခုခုကိုမီးရှို့ပြီး မီးလှုံနေလိုက်ရင်ပိုမနွေးသွားဘူးလား.. အလှလေးကြည့် မီးလင်းဖိုလည်း အဆင်သင့်ရှိတာကို "

တစ်ကယ်လည်း ဝမ်ရိပေါ်ရဲ့အိပ်ဆောင်မှာ မီးလင်းဖိုတစ်လုံးရှိလို့နေပြီး ဒါဟာမကြာသေးခင်ကမှ သူ့ရဲ့လူသားလေးအတွက် ပြုလုပ်ပေးထားခြင်းပင်ဖြစ်သည်။

Young prey(Completed)Where stories live. Discover now