၁၂.သေသင့်သူတွေ တစ်ယောက်မှအသက်မရှင်စေဘူး

6.4K 701 37
                                    

Unicode

နန်းတော်ထဲမှ အစေခံများအပြင် အစောင့်များပါမကျန် ဘုရင့်အမိန့်ကြောင့် တစ်နေရာတည်းစုဝေးနေရသည်။အားလုံးကလည်း မကြာခင်ကဖြစ်ပျက်သွားခဲ့ရသော အစေခံမိန်းကလေးရဲ့အဖြစ်အပျက်ကြောင့် ကျီးလန့်စာစားနေရ၏။ထိုလူသားကောင်လေးကို တိတ်တိတ်လေးပြောဆိုခဲ့သူများသည် ကိုယ့်အပြစ်ကိုယ်သိကြသည်။သူတို့ကတော့ ဘယ်လိုနည်းနဲ့မှလွတ်မြောက်မှာ မဟုတ်တော့ချေ။

ဘုရင့်အပိုင်ကိုမပြောသင့်မှန်းသိကြပေမဲ့ သူတို့ထက်နိမ့်ကျသောလူသားတစ်ယောက်စီမှာမခစားချင်တာကြောင့် အနည်းနဲ့အများကတော့ ကွယ်ရာမှာအတင်းပြောခဲ့ဖူးတာချည်းပဲ။တစ်ချို့ကကျပြန်တော့လည်း ဘုရင့်အပိုင်ကိုမရိုးသားတဲ့ မျက်လုံးများနှင့်ကြည့်ခဲ့ဖူးကြပြန်သည်။ဒါတောင် ဝမ်ရိပေါ်ဆိုတဲ့နတ်ဆိုးဘုရင်က ဘယ်သူမှမမြင်ရလေအောင် အိပ်ဆောင်မှာပဲဖွက်ထားခဲ့တာမို့လို့ပေ။

သွေးများမခြောက်သေးသောဝတ်ရုံကိုဆက်လက်ဝတ်ဆင်ထားလျက် ဝမ်ရိပေါ်က အစေခံတွေအားလုံးအရှေ့လျှောက်လာကာ ခေါင်းငုံ့လျက်ရှိသော တစ်ယောက်ချင်းစီကို လိုက်ကြည့်နေ၏။တစ်ချို့ဆိုရင် ကြောက်ဒူးတုန်၍ မြေပြင်မှာတောင် ဖြောင့်ဖြောင့်မရပ်နိုင်ကြပါ။

"မင်း..မင်း..မင်း.. ပြီးတော့ မင်း.. နောက်ပြီး ဟိုးအနောက်ဆုံက စရေရင် ၃တန်းမြောက်အထိ အကုန်ထွက်လာကြ "

လူအယောက် ၃၀ ဝန်းကျင်လောက်သည် ဝမ်ရိပေါ်အရှေ့သို့ထွက်လာခဲ့ကြ၏။ဝမ်ရိပေါ်ဘေးတွင် ဟောက်ရွှမ်းကတော့ သူ့ဓားကိုသာ တစ်စိမ့်စိမ့်ကြည့်နေသည်။သူ့မျက်ဝန်းများက အိမ်မွေးတိရစ္ဆာန်တစ်ကောင်ကို အစာအဝကျွေးတော့မည့် သခင်ပမာ။

ကျန်ရှိနေခဲ့တဲ့ အုပ်စုကိုကြည့်လျက် ဝမ်ရိပေါ်က သူ့လက်နှစ်ဖက်ကိုနောက်ပစ်လိုက်ပြီးတော့ မူရင်းအပြုံးကို ပြုံးတော်မူသည်။

"မင်းတို့က ငါ့နောက်ကွယ်မှာ ငါ့လူအတင်းကို ပြောတိုင်း ငါပြန်မသိရဘူးလို့ထင်နေတာတော့ မဟုတ်ပါဘူးနော်..ငါ့လိုဘုရင်တစ်ပါးကို ပြန်ပြောမဲ့လူမရှိဘူးလို့ ဘယ်လိုတွေးရဲရတာလဲ..နေရာတိုင်းမှာ ငါ့မျက်လုံးတွေ၊နားတွေက အပြည့်ပဲ "

Young prey(Completed)Место, где живут истории. Откройте их для себя