၂၃.အိုမင်းခြင်းကို မနှစ်သက်ပါ

5K 605 53
                                    

Unicode

အလှလေးရဲ့ စတင်အလုပ်လုပ်သည့်နေ့ရက်သည် အလုပ်ကြမ်းနှင့်ထောင်ဒဏ်ကျခံရတဲ့ ထောင်သားတစ်ယောက်လိုဖြစ်ခဲ့ရသည်။သူက အချိန်တိုင်း ဝမ်ရိပေါ်ရဲ့ကဂျီကကြောင်ကျခြင်းကိုခံနေရသည်။

"ရေကအရမ်းပူနေတယ်..ပြင်လိုက်ဦး "

"အရမ်းအေးသွားပြန်ပြီ "

"ကျောကုန်းလာတိုက်ပေးဦး "

အဝတ်ဖြင့် ကျောကုန်းတိုက်ပေးနေသော အလှလေးရဲ့လက်ကို ကိုင်ကာ ဝမ်ရိပေါ်က နေရာရွှေ့ပေးသည်။

"ဒီနေရာလေး "

ရေချိုးပြီးသည့်အခါတွင်လည်း ထုတ်ပေးထားသောအဝတ်များကို ဝတ်ကြည့်ကာ မကြိုက်သဖြင့် ရှိသမျှအကုန်လဲလှယ်ဝတ်ကြည့်သည်။

"အင်း..ဒီတစ်ထည်မဆိုးဘူး. ဟေ့..ဘာလို့ပြန်ခေါက်နေတာလဲ "

ရှောင်ကျန့်က အဝတ်ခေါက်နေရင်း ဒီတစ်ခါရောဘာဖြစ်ရပြန်ပြီလဲဆိုသည့်သဘောဖြင့် ဝမ်ရိပေါ်ကိုလှည့်ကြည့်သည်။

"သေတ္တာထဲပြန်ထည့်မလို့လဲ "

"ဘယ်သူကပြန်ထည့်ခိုင်းလို့လဲ..အကုန်သွားလျှော် "

"အရှင်မင်းသား..ဒါတွေက ခဏပဲဝတ်ကြည့်ရသေးတာလေ "

ခန္ဓာကိုယ်မှအဝတ်များကို ပြန့်အောင်လက်ဝါးဖြင့်လက်ခါဖြန့်လိုက်ပြီး ဝမ်ရိပေါ်က အဝတ်ပုံကြီးကိုကြည့်လိုက်၏။

"ကြမ်းပြင်ပေါ်ကျသွားတယ်..လျှော်လိုက် "

ဒီနတ်ဆိုးမင်းသားက တမင်လုပ်နေမှန်းသိသာနေတာပဲကို။အေးလေ..လျှော်ဆိုလည်း လျှော်ပေါ့။အထိန်းတော်တစ်ယောက်က ဒါတွေလုပ်စရာမလိုမှန်း ရှောင်ကျန့်သိပြီးသားဖြစ်ကာ သူ့ကိုတမင်နှိပ်စက်နေမှန်းလည်းသိသည်။အဲ့အကျင့်ပုပ်ပွနေတဲ့နတ်ဆိုးကို သူရိုက်သာသတ်လိုက်ချင်တော့သည်။

"ငါ့ကိုကျိန်ဆဲနေတာမလား "

"......"

အလှလေးက သူ့ကိုတစ်ချက်ကြည့်ကာ အဝတ်များကိုကောက်ယူ၍ အဝတ်တစ်ခုနဲ့ထုပ်ပိုးကာ အဝတ်လျှော်သည့်နေရာသို့ သွားမလို့ခြေလှမ်းပြင်သည်။

Young prey(Completed)Where stories live. Discover now