၁၃.မမုန်းနိုင်တဲ့အချစ်

6.2K 682 37
                                    

Unicode

အိပ်ရာပေါ်တွင် အဖျားကြီးနေသော အလှလေးက သူ့ရင်ကိုမောစေ၏။သူစိတ်ထိန်းထားရက်နဲ့ အလှလေးရှေ့မှာကြမ်းရမ်းမိခဲ့ခြင်းများ။

"ဟင်းးး...~~~~~ မေ..မေ "

"အင်းး..တိတ် တိတ်.. ကိုယ်ရှိ "

ကိုယ်ရှိတယ်လို့ပြောမလို့ဆဲဆဲ ဝမ်ရိပေါ်ဟာတိတ်ဆိတ်သွားရ၏။ကိုယ်ရှိတယ်ဆိုတဲ့စကားက အလှလေးကိုဘယ်အားဖြစ်စေပါ့မှာလဲ။အလှလေးကြောက်နေတာက သူကိုယ်တိုင်ဖြစ်နေခဲ့တာဆိုတော့ အားမရှိစေဘဲ ပို၍ဆိုးရွားသွားစေနိုင်လိမ့်မည်။

လက်ထဲမှအဝတ်စကို ရေဇလုံထဲထည့်ကာ ရေညစ်ပြီး ချွေးစေးများကိုသုတ်ပေးမိတဲ့အခါ အလှလေးက မျက်လုံးပွင့်လာခဲ့၏။
ပြီးတော့ သူ့ကိုကြည့်လာတဲ့ မျက်ဝန်းထဲမှကြောက်ရွံ့မှုများက သူ့ကိုသိမ်ငယ်စေလာရသည်။သူ့ကိုသက်ရှိတိုင်းကြောက်ရွံ့နေစေရမယ်လို့ကြွေးကြော်ခဲ့သမျှ အခုတော့သူနောင်တရနေမိပြီ။သူတစ်ကယ်ကြီး နောင်တရမိပါသည်။

"ကိုယ်..."

ထိုအချိန်က အလှလေးကိုပြောရဲခဲ့တဲ့အစေခံမကို သတ်ချင်စိတ်ပဲရှိနေခဲ့တာ။သူမထွက်သွားခင် အလှလေးကိုစိတ်မချတာကြောင့် ဟောက်ရွှမ်းကို အိပ်ခန်းထဲမှာ အလှလေးမသိအောင်စောင့်ရှောက်ခိုင်းထားခြင်းပေ။ဟောက်ရွှမ်းကလင်းနို့အယောင်ဆောင်ကာ အိပ်ဆောင်ထဲမှာစောင့်ကြည့်ခဲ့ခြင်းကြောင့် ဘာကြောင့်အလှလေးငိုနေခဲ့မှန်း သိခဲ့ရပြီး ဒေါသစိတ်က အပိုင်စားရသွားခဲ့သည့်အပြင် သွေးတွေက သူ့စိတ်ကိုအရိုင်းစိတ်ပြောင်းလဲစေခဲ့သည်။

အလှလေးရှေ့မှာ ကြိုးစားခဲ့သမျှ အားလုံးက သဲထဲရေသွန်ဖြစ်သွားခဲ့ပြီ။အလှလေးက သူ့ကိုဘယ်တော့မှ ချစ်လာနိုင်တော့မည်မဟုတ်တော့ပါ။ကောင်းမွန်လာခဲ့တယ်ဟုထင်ခဲ့ရသော သူတို့ဆက်ဆံရေးက ဆက်မရှိလာနိုင်တော့ချေ။

"ခင်ဗျား..!! ထွက်သွား.. !! "

ဖျားနေရက်နဲ့အလှလေးဆိုသည်မှာ အားမရှိစွာယိုင်နဲ့နဲ့ ထလာ၍ သူ့ရင်ဘတ်ကိုတွန်းထုတ်သည်။ကြောက်စေတယ်ဆိုလည်း ကြောက်ပါစေတော့။အရေးကြီးတာ သူ့အနားကတစ်ဖဝါးမှမခွာစေဖို့ပဲမလား။သူက လမ်းဆုံးနေပြီဖြစ်တဲ့လမ်းကို ဆက်လက်၍လျှောက်လှမ်းရပေဦးမည်။ထိုလမ်းဆုံးမှာ ချောက်ကမ်းပါးကြီးရှိပြီး ပြုတ်ကျသွားမည်ဆိုရင်တောင် သူဆက်လက်၍ ချောက်ထဲမှာ ဘယ်အချိန်လမ်းအမှန်ပြန်တွေ့နိုင်မလဲမသိဘဲ ရှာဖွေနေရဦးမည်။

Young prey(Completed)Where stories live. Discover now