၁၄.ကလေးတစ်ယောက် ရရှိသွားကာ အတိတ်မှာ ကလေးရှိခဲ့တာလား

6.6K 681 44
                                    

Unicode

စွန်လွတ်မည့်ကိစ္စက ထင်တာထက် ပိုနှောင့်နှေးနေခဲ့သည်။ဝမ်ရိပေါ်က ထူးထူးခြားခြား အလုပ်များနေလို့ပင်။သူ့တိုင်းပြည်မှ သတင်းများသည် သူ့မျက်ခွက်ကိုပိတ်ရိုက်လိုက်သကဲ့သို့ပင်။

သူကအကြောင်းအရင်းကိုတွေးဆနေတုန်း ဟောက်ရွှမ်းကတော့ စာကြည့်ဆောင်အလည်မှာ ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်လို့နေပြီး သူ့မျက်နှာသည် ပျိုတော့မည်မိုးလို အုံ့မှိုင်းလို့နေ၏။

"နတ်ဆိုးတိုင်းပြည်က နတ်ဆိုးတွေကို ဘယ်သူက ခေါ်သွားရဲရတာလဲ..!!"

နတ်ဆိုးဘုရင် ဒေါသထွက်နေ၏။သူ့ပိုင်နက်မှ နတ်ဆိုးအများအပြား ပျောက်ဆုံးသွားခဲ့တာကြောင့်ပင်။သူ့ဘာသာနေနေတဲ့ နတ်ဆိုးတွေက အကြောင်းမဲ့ပျောက်ဆုံးသွားစရာတော့မရှိချေ။ဒါပေမဲ့ သူ့ထက်ဟောက်ရွှမ်းက ပိုအသံထွက်လို့နေသည်။ဒါကတော့ ဖြစ်သင့်ပါသည်။ဘာလို့ဆို အခုပျောက်ဆုံးသွားသော တော်တော်များများသည် စစ်သည်တော်တွေထဲကဖြစ်နေလို့ပင်။

ဟောက်ရွှမ်းက ဝမ်ရိပေါ်ရဲ့ကိုယ်ရံတော်လည်းဖြစ်သလို စစ်တပ်အုပ်ချုပ်ခွင့်ကိုလည်း သူ့အပြင် ဟောက်ရွှမ်းကိုပေးထားတာကြောင့် ဟောက်ရွှမ်းက စစ်တပ်ကိုအုပ်ချုပ်သူတစ်ဦးလည်း ဖြစ်သည်။သူပျိုးထောင်ထားတဲ့လူတွေပျောက်ဆုံးသွားတာက ကိုယ်အပင်ပန်းခံရှာထားရတဲ့ ပိုက်ဆံကျပျောက်သွားတာနဲ့ တူမနေဘူးလား။အခုလိုတွေ ပျောက်နေတော့ အရေးအကြောင်းစစ်သားတွေလိုရင် သူတို့ဘယ်မှာ သွားရှာရမလဲ။

အခုဖြစ်ရပ်က ဝမ်ရိပေါ်အတွက်တော့ စဉ်းစားစရာပင်။နတ်တွေနဲ့ စာချုပ်ချုပ်ဆိုတုန်းက နတ်နဲ့နတ်ဆိုးကြားတွင် နယ်နိမိတ်စည်းတစ်ခုခြားထားခဲ့သည်။ထိုနယ်နိမိတ်စည်းကြောင့် တစ်ခြားတိုင်းပြည်က ကိုယ့်တိုင်းပြည်ထဲဝင်လို့မရချေ။ဒါဆို နတ်ပြည်က လာမနွယ်နိုင်ဘူး။ဒါဆို လူ့ပြည်လား။လူ့ပြည်က ဘယ်လိုများ သူတို့တိုင်းပြည်ထဲဝင်လာနိုင်ပြီး ဘယ်လိုနည်းနဲ့ခေါ်သွားနိုင်မှာလဲ။ဒါကလည်း ဘယ်လိုမှမဖြစ်နိုင်တဲ့ကိစ္စပဲ။

Young prey(Completed)Where stories live. Discover now